Ch 18 🔞

13.9K 163 4
                                    

နောက်၂ရက်လောက်နေမှ ဆိုယွန်း ထယ်ဂျွန်းကိုဖုန်းခေါ်ဖြစ်တယ်။
''အကို ညီမ ဆိုယွန်းပါ အကိုဖုန်းခေါ်ထားတာ ပြန်မခေါ်မိလို့ ​တောင်းပန်ပါတယ်''
''ဟုတ်ကဲ့ ကိစ္စတခုခုရှိလို့ မကိုင်တာထင်လို့ အကိုလည်း ထပ်မဆက်တော့တာ''
''ဟုတ် နည်းနည်းနေမကောင်းဖြစ်သွားတာနဲ့''
(နေမကောင်းတာ သေချာလား အစ်မ🤔😁)
''ဟုတ်လား အခုရော သက်သာရဲ့လား''
''ဟုတ်ကဲ့ အခုတော့ကောင်းနေပါပီ တွေ့မယ်ပြောထားတာလေ အကိုဘယ်အချိန်အားလဲ''
''ညနေလောက် တွေ့ကြမလား အကိုရုံးဆင်းချိန်လောက်ဖုန်းဆက်လိုက်မယ်''
''ဟုတ်ကဲ့ပါ''

ဘာဒါကတော့ မနက်အစောကြီးအလုပ်သွားတာမို့ တနေကုန် သီချင်းဖွင့်ပြီး အလုပ်လုပ်နေလိုက်တယ်။ ဘာဒါက အဲ့ဒီရက်တွေနောက်ပိုင်း မနက်ဆို အစောကြီးအလုပ်သွားပြီး ညဆို ဆိုယွန်းအိပ်ချိန်လောက်မှပြန်လာတတ်တယ်။ ညနေ ၅ခွဲ လောက်ဆိုယွန်းထွက်ခဲ့ပြီး ချိန်းထားတဲ့ဆိုင်မှာ စောင့်နေလိုက်တယ်။ ခဏနေ ထယ်ဂျွန်းရောက်လာတော့
''ဆိုယွန်း ရောက်နေပီလား ကြာပြီလား''
''မကြာသေးပါဘူး အကို''
''ထိုင် ထိုင် ရတယ်''
အစားအသောက်တွေမှာပြီးတော့
''ဟိုနေ့က အဆင်ပြေရဲ့လား''
''ရှင် ဟုတ်''
''အကို့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ဆိုယွန်း''
''ဟုတ် တောင်းပန်ပါတယ် အဲ့နေ့က ညီမတို့ ရိုင်းသလိုဖြစ်သွားရင်''
''ဆိုယွန်းက ဘာမှမမှားပဲ တောင်းပန်စရာလည်းမလိုပါဘူး''
''အကိုကသာ တောင်းပန်ရမှာ''
''ရှင် အဲဒါက ဘာကို??''
ထယ်ဂျွန်းက ဆိုယွန်းဆီက အကြည့်လွှဲလိုက်ရင်း
''အဲ့နေ့က ဆိုယွန်းတို့ထွက်သွားတဲ့နောက် အကိုလိုက်ခဲ့သေးတယ် တခုခုဖြစ်တာလားလို့လေ အဲဒါ..''
''သြော်..ဟုတ်.. အဲဒီလိုကိုးး''
အမလေး ရှက်လိုက်တာ ..
ပြောချင်တာက ဘာဒါရဲ့ကလူကျီစယ်မှုတွေကို သူမြင်ပါတယ်လို့ပြောချင်တာပေါ့။ ဘေးလူတွေအမြင်မှာတော့ တော်တော်ကဲတဲ့အတွဲဖြစ်နေမှာပဲ သေစမ်း ဘာပြောရမလဲ။
''အင်း အဲဒါ အကိုဘယ်လိုတုံ့ပြန်ရမှန်းမသိဘူးဖြစ်နေလို့''
အဲဒါကရော ဘာပြောတာလဲ🙄
''ဆိုယွန်း ရိပ်မိလားတော့မသိဘူး အကို..အခုလည်း ဆိုယွန်းကို သဘောကျတယ်.. ဆိုယွန်းလက်ခံနိုင်မယ်ဆိုရင် တကယ်ပျော်မိမှာ..
ဆိုပေမယ့် ဆိုယွန်းမှာ တခုခုများ အကို့ကိုမပြောရသေးတာရှိနေလားလို့''
''..''
''လီဘာဒါနဲ့က''
''ဟို အဲဒါက ''
''သူက ဆိုယွန်းအတွက်အရမ်းအန္တရာယ်ရှိသလိုခံစားရတယ် ပြီးတော့ အကို့အတွက်ရောပေါ့''
''အဲလိုဖြစ်စရာမလိုပါဘူး အကိုလည်းသိမယ်ဆိုပေမယ့် ညီမအကို့ကို အကိုတစ်ယောက်လိုပဲ..''
''လီဘာဒါကြောင့်လား သူကဘာမို့လို့လဲ''
''အဲလိုမပြောပါနဲ့ ညီမနဲ့သူနဲ့က လက်ထပ်ထားတာ''
''ဘာ ဘယ်လို
တက္ကသိုလ်တုန်းကတော့ သဘောကျနေတဲ့လူရှိလို့ အငြင်းခံရတယ် အခုတော့ လက်ထပ်ထားတဲ့လူရှိနေပြီပေါ့ ဟားဟား ကိုယ်တကယ်ကံမကောင်းတာပဲ ဟင်''
(အဲ၂ယောက်က တစ်ယောက်ထဲပါအကိုရေ🤣🤣''
နှစ်ယောက်လုံး နေရခက်နေချိန်မှာ အစားအသောက်တွေကလည်းရောက်မလာသေး။ ထိုစဥ် ဆိုယွန်းဖုန်းထမြည်တယ်။ ကြည့်လိုက်တော့ ဘာဒါ။ ထယ်ဂျွန်းကတော့ လောကကြီးကိုအရှုံးပေးလိုက်ရပုံနဲ့လှမ်းကြည့်တယ်။
''ဟယ်လို''
''အိမ်မှာလား''
''မဟုတ်ဘူး အပြင်ရောက်နေတာ''
''မီယွန်းနဲ့လား''
''အကိုထယ်ဂျွန်းနဲ့''
''..''
''ဟယ်လို''
''အင်း''
''ဘာကိစ္စလဲ''
''အိမ်မှာ conceptအ​​ကြမ်းမှတ်ထားတဲ့စာရွက်ကျန်ခဲ့လို့ အရေးကြီးတယ် ယူလာခဲ့ပေးလို့ရမလား''
''အခုလား''
''အခုပေါ့ မိန်းမရဲ့''
ဆိုယွန်း မလုံမလဲနဲ့ ထယ်ဂျွန်းကိုလှမ်းကြည့်မိတယ်။ ကြားသွားလေမလားလို့။
''ညီမ အိမ်ခဏပြန်သွားရမယ်ထင်တယ်''
''ဟုတ်လား ရပါတယ် သွားလေ အကိုလိုက်ပို့ရမလား''
''ရတယ် ကားပါတယ်''

ချစ်မိသော ပင်လယ် Where stories live. Discover now