Ch 23 🔞

12K 142 5
                                    

ဒီအပိုင်းနည်းနည်းကြမ်းပေးထားလို့ အသက်မပြည့်သေးသူတွေ မဖတ်ပဲကျော်သွားပေးပါနော်

ဘာဒါက ဆိုးလ်မှာမွေးပြီး ဆိုးလ်မှာကြီးတဲ့သူ။ ကျောင်းလည်း ဆိုးလ်မှာပဲတက်ပြီး ဘာဒါကျောင်းပြီးလောက်မှ အိုမားတို့က အာပါးကုမ္ပဏီခွဲရဲ့ စက်ရုံရှိတဲ့မြို့ကိုပြောင်းနေကြတာ။ အဲ့ဒီမြို့ရောက်မှ ဆိုယွန်းအိုမားနဲ့သိကြတာ။ ဆိုယွန်းတို့က အဲဒီဇာတိဆိုတော့ ဘာဒါလည်း ဆ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘာဒါက ဆိုးလ်မှာမွေးပြီး ဆိုးလ်မှာကြီးတဲ့သူ။ ကျောင်းလည်း ဆိုးလ်မှာပဲတက်ပြီး ဘာဒါကျောင်းပြီးလောက်မှ အိုမားတို့က အာပါးကုမ္ပဏီခွဲရဲ့ စက်ရုံရှိတဲ့မြို့ကိုပြောင်းနေကြတာ။ အဲ့ဒီမြို့ရောက်မှ ဆိုယွန်းအိုမားနဲ့သိကြတာ။ ဆိုယွန်းတို့က အဲဒီဇာတိဆိုတော့ ဘာဒါလည်း ဆိုယွန်းကို အဲ့ဒီမြို့ကကျောင်းမှာတက်တယ်ထင်တာ။ တကယ်တော့ ဆိုယွန်းက ဆိုးလ်က အဒေါ်ဆီမှာနေပြီး ဆိုးလ်မှာကျောင်းတက်ခဲ့တာ။ ကျောင်းတုန်းကလည်း နာမည်မကြီးတဲ့စာကြမ်းပိုးလေးမို့လို့ ဘာဒါက သတိမထားမိတာ ။ အတန်းလည်းမတူဘူးလေ..။ အခုမှ ဘာဒါ သူထင်တာတွေမှားနေမှန်းသိရတယ်။ သူတစ်ချိန်လုံးစွပ်စွဲနေတာတွေမဟုတ်တာသိရတော့ ဆိုယွန်းကို အားလည်းနာတယ်။ တဖက်ကလည်း ဆိုယွန်းသဘောကျတာ သူမှန်းသိရတော့ တော်တော်ရန်ခုန်ပြီး ပျော်နေမိတယ်။ ပစ္စည်းတွေကို ပုံးထဲသေချာပြန်ထည့်ပြီး ဆိုယွန်းအခန်းထဲ သွားထားပေးလိုက်တယ်။ သူသိတာ သိသွားရင် ရှက်သွားလောက်တယ်မလား..။ ဒါမှမဟုတ် သိသွားပါပြီဆိုပြီး ပေါ်တင်ပျော်လိုက်ရမလားတွေးပြီး ရုံးမဆင်းလာသေးတဲ့ ဆိုယွန်းကို ဖုန်းခေါ်လိုက်တယ်။ သွားကြိုမယ် စိတ်ကောက်နေတဲ့ကလေးကိုချော့မယ်ဆိုတဲ့အတွေးနဲ့..။
ဖုန်းပိတ်ထားတယ်??။

မီယွန်းကိုလှမ်းဆက်လိုက်တယ်။
''ဟယ်လို ဘာဒါ ''
''မီယွန်းရေ ဆိုယွန်းနဲ့အတူတူရှိလို့ ကိုယ်ဖုန်းခေါ်တော့ ဖုန်းပိတ်ထားလို့''
''ဟယ် ညီမနဲ့မတွေ့ဖြစ်ဘူး ရုံးမဆင်းသေးတာများလား ရုံးကတစ်ယောက်ယောက်ကိုမေးရင်ရော်''
''ဖုန်းနံပါတ်လည်းမသိလို့''
''ညီမဆက်ပေးမယ်''
''နံပါတ်ပဲပြောပါ ကိုယ်ဆက်လိုက်မယ်''

ချစ်မိသော ပင်လယ် Where stories live. Discover now