Ch 7 🍬

8.6K 161 3
                                    

ဘာဒါရေချိုးပြီး အပြင်ထွက်လာတော့ ထမင်းစားခန်းမှာ အသီးထိုင်ခွဲနေတဲ့ အိုမားနဲ့ ဘေစင်ပေါ်က ဗီဒိုတံခါးဖွင့်နေတဲ့ဆိုယွန်းကို တွေ့တယ်။ အကောင်သေးသေးနဲ့ ခလေးမက အသီးထည့်တဲ့ပန်းကန်ကို ​ခြေဖျားထောက်ပြီး ယူနေပေမယ့် ရမယ့်ပုံမပေါ်တာကြောင့် ဘာဒါနောက်ကဝင်ရပ်ပြီး ယူပေးလိုက်တယ်။ တံခါးပြန်ပိတ်ပြီး ခုံမှာဝင်ထိုင်တော့ အိုမားက ပြုံးစိစိနဲ့ကြည့်တယ်။
ပြီးတော့
''အိုမား ဘယ်အခန်းမှာအိပ်လိုက်ရမလဲ ဆိုယွန်းအခန်းမှာ အိပ်ယာတွေ့တယ် အိုမားအိပ်လိုက်လို့ရလား'' လို့မေးတယ်။
နှစ်ယောက်သား ခုံအောက်က ​ခြေထောက်လှမ်းထိလိုက်ပြီး ဘာဒါပြန်ဖြေလိုက်တယ်.
''ဟုတ် အိုမား အဲ့ဒီမှာ ဆိုယွန်းက နေ့လည်အလုပ်လုပ်ရင်း ဝင်အိပ်တာ စောင်တွေဘာတွေအဆင်သင့်ရှိတယ်''
''ဒီဘက်အခန်းမှာ အိပ်ချင်လည်းရတယ် သမီးတို့ ဆိုယွန်းအခန်းမှာ သွားအိပ်လိုက်မယ်''
အိုမားက တချက်ပြုံးလိုက်ပြီး
''ရပါတယ် အိုမားက တစ်ယောက်ထဲဆိုတော့  ဆိုယွန်းအခန်းမှာအိပ်လိုက်မယ်''
''ဟုတ် အိုမား ဘာဒါအရင်ဝင်နှင့်မယ်နော် ပင်ပန်းလာလို့ ဆိုယွန်းလည်း အိပ်ချင်နေပြီထင်တယ် အကြာကြီးဆွဲမထားနဲ့ဦး''
''အေးပါ ငါအလိုက်သိပါ့မယ်''
(အိုမားက အရောက်ပို့😁😁)

ပြောပြီး အခန်းထဲ ဝင်နှင့်ပြီး အိပ်ယာပေါ်ဖုန်းသုံးရင်း ဆိုယွန်းကိုစောင့်နေလိုက်တယ်.

ဆိုယွန်းအခန်းထဲဝင်လာတော့ ဘာဒါကိုကုတင်ပေါ် ဖုန်းသုံးနေတာတွေ့တယ်။ ဆိုယွန်းလည်း ကုတင်အစွန်းလေးမှာဝင်ထိုင်ပြီး မီယွန်းကိုစာပို့လိုက်တယ်။ သူ့အိုမားရောက်နေလို့ အတူတူအိပ်ရမယ့်အကြောင်းပေါ့။ မီယွန်းက အားတက်သရော replyပြန်နေတုန်း
ရုတ်တရက် ဘာဒါက ဆိုယွန်းလက်ကို ဆတ်ကနဲလှမ်းဆွဲတော့ သူ့ရင်ခွင်ထဲပစ်လဲသွားတယ်။ ဆိုယွန်းလည်း ဘာမှန်းမသိအတင်းရုန်းပြီးပြန်ထမလိုလုပ်တော့ ဘာဒါက ဆိုယွန်းကိုအပေါ်ကမိုးပြီး အနားကပ်ပြောတယ်...

''အိုမားခြေသံကြားတယ် ခဏ''တဲ့

သူဘာကိုဆိုလိုမှန်းမသိသေးခင်မှာပဲ အိုမားက အခန်းတံခါးဖွင့်ပြီးဝင်လာတယ်။
''ဟဲ့ သြော် အေး အေး ဆက်လုပ်ကြ ဆက်လုပ်ကြ''ဆိုပြီး ပြန်ထွက်သွားတော့ ဘာဒါက လှမ်းအော်တယ်
''အိုမား ဘာပြောမလို့လဲ''
''Breakfastဘာစားချင်ကြလဲ မေးမလို့ပါ
ရတယ် ရတယ် အိုမားအဆင်ပြေတာကြည့်လုပ်လိုက်မယ်''လို့လှမ်းပြောတယ်
ဘာဒါကလည်း
''အိုမားကလည်း တံခါးခေါက်တာမဟုတ်ဘူး သူများလင်မယားအခန်းကို''
''အေးပါ အေးပါ နောက်တခါဆိုခေါက်ပါမယ်''
(နောက်တခါလည်းမခေါက်မှာ သိတယ်😅)

ချစ်မိသော ပင်လယ် Where stories live. Discover now