Ch28

4.4K 95 5
                                    

နောက်နေ့ တစ်ဖွဲ့လုံး ဂျယ်ဂျူဒိုမှာ လျှောက်လည်ကြတယ်။ Hueree Parkကိုလည်းဝင်တယ်။ သူများတွေဓာတ်ပုံရိုက်နေချိန်မှာ ဘာဒါက ဆိုယွန်းကိုလက်တွဲထားပြီး ပန်းခြံအနှံ့လမ်းလျှောက်ကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ ဆိုယွန်းကတော့ ဘာဒါ့လက်ဖဝါးထဲ ကိုယ့်လက်ရောက်နေတာကို ကြိတ်ပြီး ကြည်နူးမဆုံးလို့ ပြုံးစိစိဖြစ်နေတယ်။ ပြီးတော့ ညက သဝန်တိုထားလို့လားမသိဘူး ဘာဒါက ဒါဟျွန်းနားသိပ်မကပ်ဘူး။ ဆိုယွန်းအနားမှာပဲနေပေးတယ်။ ဘာဒါ့မျက်နှာကိုမော့ကြည့်ပြီး ငေးရတာလည်းကြိုက်တယ်။ ဆိုယွန်းလည်း ရောက်ဖူးပေမယ့် သူရှင်းပြနေတာကို တခုမှမရောက်ဖူးသလိုနားထောင်နေမိတယ်။ သူ့မျက်နှာကိုကြည့်ရင်း စကားပြောနေတဲ့ သူ့နှုတ်ခမ်းတွေကို ကြည့်ရင်းပေါ့။

ပန်းခြံကပြန်တော့ Hyeopjae Beach ကိုဆင်းကြတယ်။ ကမ်းခြေမှာ ဆင်းပြီး လမ်းလျှောက်ရတာဘာနဲ့မှ မလဲနိုင်။ပင်လယ်(ဘာဒါ)ကို ချစ်လွန်းလို့ ခေါင်းရင်းမှာပုံကပ်ထားသူမို့ ဘာဒါအတူ ပင်လယ်ရောက်လာရတဲ့ခံစားချက်က ပျော်နေတာထက်ပိုတယ်။ ''ဆိုယွန်း''ဘာဒါက လမ်းလျှောက်နေရင်း...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပန်းခြံကပြန်တော့ Hyeopjae Beach ကိုဆင်းကြတယ်။ ကမ်းခြေမှာ ဆင်းပြီး လမ်းလျှောက်ရတာဘာနဲ့မှ မလဲနိုင်။
ပင်လယ်(ဘာဒါ)ကို ချစ်လွန်းလို့ ခေါင်းရင်းမှာပုံကပ်ထားသူမို့ ဘာဒါအတူ ပင်လယ်ရောက်လာရတဲ့ခံစားချက်က ပျော်နေတာထက်ပိုတယ်။
''ဆိုယွန်း''
ဘာဒါက လမ်းလျှောက်နေရင်း ခေါ်တယ်။
''ဟင်''
''ဟိုဘက်အခန်းခေါင်းရင်းက ပင်လယ်ပုံကလေ ဘာလို့ကပ်ထားတာ ''
''အခုမကပ်တော့ဘူးလေ''
''အရင်က ကပ်တယ်လေ ဘာလို့ကပ်တာလဲ့ပြောပြ''
''ဒီတိုင်းပဲ ကြိုက်လို့''
''ဘာကိုလဲ''
''ပင်လယ်ကို''
''ကိုယ့်ကိုလား''
''ပင်လယ်ကို''
''ကိုယ့်ကိုပေါ့''
(ပင်လယ်ကို ကိုရီးယားလို ဘာဒါလို့ခေါ်ပါတယ်နော်😁🌊💙)
ဆိုယွန်းရယ်ပြီး ရှေ့ကပြေးတော့ ဘာဒါက လိုက်ဖမ်းတယ်။
မိသွားတော့ ထပ်မေးတယ်။
''ဘာလို့ဖြုတ်ပစ်တာလဲ''
''မကြိုက်တော့လို့''
''ဘာလို့မကြိုက်တော့တာ''
''ဒီတိုင်းပဲ''
''တကယ်ပေါ့''
''တကယ်''
''ဘယ်တုန်းကမကြိုက်တော့တာလဲ ပင်လယ်ကို''
ဆိုယွန်း ခဏငြိမ်သွားပြီး
''မွေးနေ့တုန်းက''
''ဟားး သဝန်တိုပြီး အကုန်သွားပစ်လိုက်တယ်ပေါ့ ဒီကောင်မလေး''
ဘာဒါအသဲယားပြီး ပါးကိုဖျစ်လိုက်တယ်။
''ဟုတ်တယ် မွေးနေ့ကိတ်ရောပဲ''
''ဘာ မွေးနေ့ကိတ်စီစဥ်ထားတာလား''
''..''
ဘာဒါ ဆိုယွန်းကို သူ့ဘက်ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်ကြည့်လိုက်တယ်။
ဆံပင်လေးသပ်ပေးရင်း ''ကိုယ့်ကိုဘာလို့မပြောတာလဲ အဲ့ကတည်းက ပြောလိုက်ရင် တစ်ယောက်ထဲဝမ်းနည်းနေစရာမလိုဘူးပေါ့။ ဟင် ကြားလား နောက်ဆို အကုန်ပြောရမယ်နော်''
ပြောပြီး ရင်ခွင်ထဲဖက်ထားလိုက်တယ်။ ဆိုယွန်း သူ့နှလုံးခုန်သံကိုနားထောင်ပြီး သူ့ကိုပြန်ဖက်ထားလိုက်တယ်။ ဘာဒါက ငုံ့ကြည့်ပြီး နမ်းမလိုပြင်တယ်။ ဆိုယွန်းအတင်းရုန်းပြီး
''လူတွေရှိတယ် မကဲနဲ့''ပြောပြီး ထွက်ပြေးတော့ ဘာဒါ အတင်းလိုက်ဆွဲတယ်။ နှစ်ယောက်လုံး ရေထဲရောက်ပြီး ရေတွေစိုကုန်တယ်။ ပတ်ဝန်းကျင်ကို သတိမရလောက်အောင် ပျော်နေခဲ့မိတယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now