အပိုင်း (7)

11.2K 109 0
                                    

အရှင့် ရဲ့ အသုံးတော်ခံ
           (OR)
Lord ရဲ့ သတို့သမီး 🔞🔞🔞🔞🔞

အပိုင်း (7)

ဒီညအိမ်က သူတို့တွေ ညစာကို အပြင်မှာထွက်စားကြသည်။

အပြင်ထွက်တုန်း  Yati linn lat ပေါင်မုန့်တစ်ထုပ်
ပစ်ချပေးလို့ စားထားသည်။

ဗိုက်တော့ သိပ်မဆာတော့ဘူး....

အစက ဘားကို ဘယ်တော့မှ မသွားတော့ဘူး
လုပ်ထားတာ....အခုတော့....ငါ့မှာ အပျော်ရှာစရာ ဖုန်းလေးပဲရှိတာ....အဲ့အလုပ်ကလဲ ပိုက်ဆံအရဆုံး...
ငါလုပ်ရမယ်....

အပြင်မှာထိုင်နေရင်း ဖုန်းအပျက်ဆီးလေးကို
ငေးရင်း မျက်ရည်တွေကျလာပြန်သည်။

ကောင်းကင်ကြီးကိုမော့ကြည့်ပြီး.....ကြယ်တွေကို
ကြည့်ကာ...

"ငါ ကြယ်လေးတစ်ပွင့်သာ ဖြစ်ခွင့်ရချင်မိတယ်."

ဒီနေ့ည ငါ့အလုပ်ရှိတာပဲ ည 7 နာရီရှိပြီ ငါအခုသွားရမယ်.....

အရင်က ဘားကိုသွားရင်း ဒီအတိုင်းဖြစ်သလိုသွားလေ့ရှိသည်။ ဒီတစ်ခါတော့ဆံပင်လေးစည်းကာ မျက်နှာကိုလဲ သေချာပြင်ဆင်ပြီး ထွက်လာခဲ့သည်။

မန်နေဂျာ အကို ကလဲ အပြင်ထွက်စောင့်နေ၏

"ညီမ နောက်ကျသွားလို့လား"

"ရပါတယ်.... နောက်မကျဘူး...lord က ဒီနေ့ည
မလာဘူး......ညီမ အလုပ်သွားလုပ်တော့"

"ဟုတ်ကဲ့ "

ခွန်းက အရင်က ဆံပင်ချပြီး မျက်နှာမမြင်အောင်
တကွယ်ကွယ်အလုပ်လုပ်သည်။

တစ်ခါကျတော့အလုပ်ရောက်ချင်းပင် Lord နဲ့
အိပ်ယာထဲရောက်နေပြီ။

အခုတော့ အိမ်မှာလူတွေကို ကြောက်ရတာလုံလောက်ပြီ.....အလုပ်မှာ မလိုဘူး....ဒါမျိုးအတွေးလေးဝင်လာလို့ပင်။

ဝင်လာကတည်းက ယောက်ျားတွေမျက်လုံးတိုင်း
ခွန်းဆုဟေသာဆိုတယ့် အမျိုးသမီး ဆီမှာပင်။

လှချက်က သူများတွေနဲ့ မတူအောင်လှသည်။

အခုချိန်မှာ ခွန်း က အလှဆုံးလေ...
ကိုယ့်မျက်နှာကို ယုံကြည်ချက် ရှိသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Donde viven las historias. Descúbrelo ahora