အပိုင်း (86)

5.5K 63 0
                                    

အပိုင်း (86)

Lord အစည်းအဝေး လုပ်နေခဲ့သည်။

"Lord....ကျွန်တော်တို့ အဲ့ကိစ္စအတွက် စီစဥ်နေပါတယ်"

"ဘာစီစဉ် တယ်......ဘယ်တော့ပြီးမှာလဲ.".

"အကောင်းဆုံးကြိုးစားနေပါတယ်...Lord"

Lord လက်ထောက် က အခန်းထဲကို ဝင်လာခဲ့သည်။

စိုးရိမ်တကြီးနှင့်ပင်။

Lord နားသို့ တိုးတိုးလေးကပ်ကာ ပြောသည်။
"Goddess.... မူးလဲသွားပါတယ်"

Lord က ချက်ချင်း ဆိုသလို ထသွားကာ စိုးရိမ်လွန်းလို့သေတော့မလိုပဲ...

"ဘယ်အဆောင်မှာလဲ"

"Goddess စံအိမ်မှာပါ..."

"ဘယ်လိုဖြစ်တာလဲ....."

ခြေလှမ်းကျယ်ကြီးတွေနဲ့ အပူတပြင်းလျှောက်ကာသွားသည်။

သူသွားကြည့်တော့..... လှဲလျောင်းနေသည့် ခွန်း..

ဆရာဝန်က Lord ကို ခေါင်းညွှတ်ကာနှုတ်ဆက်ပြီး

"Lord......"

"ခွန်း....ဘာဖြစ်တာလဲ "

"သတင်းကောင်းပါ.......Lord"

"ငါ့မိန်းမ မေ့လဲတာ သတင်းကောင်းလား.."
ဘာစကားတွေလာပြောနေမှန်းမသိဘူး...
ဆရာဝန်က ပြုံးကာဖြင့်...

"Goddess က ကိုယ်ဝန်ရှိနေပါပြီ"

"ဘာ......"

"ကျွန်တော် ခဏနေရင်း OG ဆရာဝန်ကို လွှတ်ပေးလိုက်ပါမယ်"

"ကောင်းပြီ.... မြန်မြန်...."

Lord ငြိမ်ကြသွားသည်။

ရုတ်တရက် အရမ်းကို
အံ့သြ နေမိသည်။

သူနောက်ဆုံးတော့ အဖေဖြစ်ပြီပေါ့ ဘယ်လောက်တောင် ကြိုးစားခဲ့ရတာလဲ....

နောက်ဆုံးတော့....ငါအဖေ ဖြစ်တော့မယ်...

လှဲလျောင်းနေတယ့် ခွန်းအနားထိုင်ကာ လက်လေးကိုဆုပ်ကိုင်ထားသည်။

ခွန်း က သတိရလာတော့.....

"Lord...."

"ကိုယ့်အချစ်လေး..... "

ခွန်း နည်းနည်းလေး ကြောက်လန့်ကာဖြင့် Lord ကိုမေးသည်။

"ခွန်း ဘာဖြစ်တာလဲ.... Lord"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now