အပိုင်း (88)

7.4K 66 4
                                    

အပိုင်း (88)

ကိုယ်ဝန်ဆောင်သည်တစ်ယောက်ရဲ့သွေးနုသားနု
ဖြစ်နေချိန်.... အငိုသည်းနေသည့် ခွန်း....

တိတ်အောင် ချော့နေသည့် နှင်းစက်

"မငိုပါနဲ့.... Goddess ရယ်...Lord သိရင် မိုးမီးလောင်မှာ.... "

ခွန်း က ချက်ချင်း အငိုရပ်ကာဖြင့်....

ငါဘာလို့ ငိုနေမိတာလဲ....ငိုစရာအကြောင်းမှ မပါတာ....ငါကသာ Lord ရဲ့ ဇနီး....ငိုစရာမလိုဘူး

"သွားမယ်....."

ခွန်း က ပွဲအခမ်းအနားဆီ ပြန်ရောက်သွားသည်။

အဝေးကနေကြည့်တာနဲ့ သူ့ယောက်ျားကို လိုချင်နေတယ့် မျက်ဝန်းတွေနဲ့ ကြည့်နေသည့်မိန်းကလေးများ
Lord ကို အပြီ ဖမ်းချင်တယ့် မိန်းကလေး သုံးယောက်ထဲ မဟုတ်ခဲ့ဘူး.....

ငါရှိနေတာတောင် မိန်းမ အများအပြားက ဆွဲဆောင်ဖို့လုပ်နေကြတယ်...

Lord ရဲ့ အနားဝိုင်းနေတယ့် များပြားလှသည့် မြွေဟောက်မများ....

အကုန်လုံး ကို တစ်ခါတည်း သိအောင် လုပ်ပေး
ရမယ် Lord ဆိုတာ ဘယ်သူ့အပိုင်လဲ ဆိုတာ....

ခွန်း က ထိုကောင်မတွေရှေ့က ဖြတ်လျှောက်ရင်း Lord အနားကို လာသည်။

မိန်းကလေး တိုင်းဟာ ခွန်းလာတာနဲ့ အနောက်ကို
ရှဲသွားကြသည်။

ခွန်း က ခြေထောက်ကို မြှောက်ကာ သူ့လက်ဖြင့် ဒေါက်ဖိနပ် ခြေခုံးကြိုးကို တမင်
ဖြုတ်လိုက်သည်။
Lord က အရေးကြီး စီးပွားရေးပညာရှင်တွေနဲ့ စကားပြောနေသည်။

ခွန်း က ခုံမှာ ချက်ချင်း ထိုင်လိုက်ကာ

"Lord..."

Lord က အသံကြားတာနဲ့ အနောက်ကို လှည့်ကြည့်လိုက်သည်။

ခွန်း အနားသွားကာ....

"ခွန်း...ဘာဖြစ်လို့လဲ...."

"ခွန်း ဖိနပ် ကြိုးပြုတ်သွားလို့....သေချာလေး
ပြန်တပ်ပေးပါ.....ခွန်း မလုပ်နိုင်လို့..."

Lord က ခေါင်းညှိမ့် ကာ ခွန်းရှေ့ ဒူးတစ်ဖက်ထောက်ချကာ...

ခွန်းခြေထောက်လေးက ဖိနပ်ကိုသေချာပြန်ဝတ်ပေးကာ ဖိနပ်ကြိုးချည်​ပေးသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now