အပိုင်း (71) သာသာခရီးကပြန်ရောက်p

6.4K 77 1
                                    

အပိုင်း (71)

"ခွန်း စိတ်မပူပါနဲ့ ဒါ...ငါ့အမှား...ငါမူးပြီး လျှောက်လုပ်မိတာ ငါအကို့ ကို ပြန်ရှင်းပြလိုက်ပါ့မယ်"

"ကျေးဇူးပါ...ဆူးရယ်...ကူညီပေးပါ အုံး.."

"အင်း...."

ငါမှားသွားတာ...Lord ကို ပြောကြည့်လို့ရမှာပါ..

~~~~~~~~~♥♥♥♥♥~~~~~~~~~~

Lord က အလုပ်အခန်းကနေ
တစ်နေကုန်ထွက်မလာဘူး...

ခွန်း ရော ဆူးရော က Lord ထွက်လာမယ့်အချိန်ကိုစောင့်နေခဲ့တယ်...

"Lord...ကျွန်တော် ဖမ်းခေါ်ပြီးပါပြီ"

"သတ်ပစ်လိုက်...."

"ဟုတ်ကဲ့...Lord..."

"အဲ့တာကို  Video ရိုက်ထား..ပြီးရင်ငါ
ပြန်ကြည့်မယ်."

"ဟုတ်ကဲ့...Lord..."

Lord လက်ထောက် က ထွက်သွားခဲ့သည်။

ရဲတိုက်...အကျဥ်းထောင်ဝယ်...

"လူကြီးမင်း တို့ ကျွန်တော်ဘာများမှားသွားလို့လဲ.."

"မင်းအမှားက... Lord အပိုင်ကို ထိမိတာပဲ.."

"ကျွန်တော်..မှားသွားပါတယ်... အသက်..ချမ်းသာပေးပါ...ကျွန်တော်..မှားသွားပါတယ် "

ဒိုင်း...ဒိုင်း...

သေနတ်အသံတွေဖြင့် သေဆုံးသွားလေသည်။

video ကြည့်ပြီးတာတောင် ဒေါသကမပြေဘူး..

Lord က ဖုန်းကို ချလိုက်ကာ အပြင်ကို
ထွက်လာချိန်...

"ဆူးရဲရဲ...."

"Lord...အဲ့တာ ညီမ အမှား...ညီမ အမှား...အဲ့တုန်း က မူးနေလို့ ဖြစ်သွားတာ.. အကို ထည့်မတွက်လို့
ရမလား"

"နင်နဲ့မဆိုင်ဘူး..ဝင်မပါနဲ့..."

"ညီမ မှားတာလို့ ပြောနေတယ်လေ..."

"ထွက်သွား....!!!!!!!!"

Lord က ဆူးကို အော်ချလိုက်သည်။အသံက ကျယ်လွန်းလွန်းလို့ ဆူးပါမျက်ရည်ဝဲတတ်လာသည်။

ခွန်း က သည်းမခံနိုင်တော့....

"Lord...."

"........"

Lord က မျက်မှောက်ကြုံကာ အရမ်းကို
ဒေါသထွက်နေသည်။

"ဆူး....ခဏလောက်ရှောင်ပေးပါ"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now