အပိုင်း (32)

7K 71 0
                                    

အပိုင်း (32)

ခွန်း ချက်ချင်း သွေးလန့်ကာ Lord ကို လှည့်ကြည့်လိုက်သည်။

"ဘယ်လိုလဲ... ငါမင်းအတွက်
လက်စားချေပေးထားတာ..."

"Lord....မလုပ်ပါနဲ့... လွှတ်ပေးပါ..."

"ဘာလို့ငိုနေတာလဲ...သဘောမကျလို့လား..."

ခွန်းသိလိုက်တယ် Lord က ဘယ်လောက်တောင်
ကြောက်စရာကောင်းတယ်ဆိုတာကို....

ခွန်း ချက်ချင်း ဒူးထောက်ကာ...

"Lord...ခွန်း​တောင်းပန်ပါတယ်...
လွှတ်ပေးပါ...ကျေးဇူးပြုပြီး.... "

"မငိုနဲ့လေကွာ...ငါမင်းကို ရိုက်နေတာ မဟုတ်ဘူးလေ
"Lord....မကစားပါနဲ့...ခွန်း တောင်းပန်ပါတယ် "

Lord က ခွန်းရဲ့ မေးစေ့လေးကို ကိုင်ရင်း မျက်လုံး ချင်း စေ့စေ့ကြည့်ကာမေးသည်။

"မေးခွန်းသုံးခု ပြန်မေးမယ်"

"ငါ့ကိုကြိုက်လား..."

ခွန်း က ချက်ချင်း ပြန်ဖြေသည်။

"ကြိုက်တယ် "

"ငါ့ကိုချစ်လား "

"ချစ်တယ် "

"ငါ့နဲ့ ရဲတိုက်ကို လိုက်မှာလား..."

"....လိုက်မယ်"
ခွန်းမှာ ရွေးချယ်စရာမရှိတော့ဘူးလေ....
Lord က သူ့လက်ထောက်ကို ကြည့်ပြီး
မျက်ခုံးပင့်ပြကာ သူ့ကိုယ်သူ ဂုဏ်ယူနေသည်။

Lord လက်ထောက်က မျက်လုံးလေးပြူးကာဖြင့် ကြောင်ကြောင်တောင်တောင်လေးဖြစ်နေသည်။

Lord ဘာတွေလုပ်လိုက်တာလဲ....!!!!

Lord က ခွန်း ကို ဆွဲထူလိုက်သည်။

ခွန်း အရမ်း ကို ကြောက်လန့်နေပြီ...Lord က
မျက်နှာ ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ့်သူ...

သူ့စိတ်ကခန့်မှန်းလို့မရသလို့....တွေးကြည့်လို့
မရတယ့် ချောက်နက်ကြီး.. ငါတော့ ပြန်တတ်လို့
မရအောင် ဆင်းမိသွားသည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

မြေအောက်ခန်းက အပေါ်ကို တတ်လာခဲ့ချိန်...

ခွန်း က lord ကို တွန်းကာ အိမ်အပေါ်ထပ်ကို
ပြေးတတ်သွားသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now