အပိုင်း (25)

8K 83 0
                                    

အပိုင်း (25)

Moe Wanna Htet သူ အဘိုးသတင်းကြားပြီးနောက် ချက်ချင်း အိပ်ယာထကာ...

"ငါအခုချက်ချင်း အဘိုးအိမ်ပြန်မယ်...လုပ်ထား..
ပြီးတော့ Lord ဆီ...ဆက်သွယ်လိုက်"

"ဟုတ်ကဲ့.... သခင်မ...."

~~~~~~~~~♥♥♥♥~~~~~~~~~~

နူးညံ့သောအိပ်ယာထက်ဝယ်....

Lord ရဲ့ ရင်ခွင်ထဲ အိပ်ပျော်နေသည့် ခွန်း...Lord က ဘေးစောင်းကာ အိပ်ပြီး သူမကို ဖတ်ထားသည်။

ဒီချိန် Lord ရဲ့ လက်ထောက်က တံခါးအရင်ခေါက်လိုက်သည်။

Lord အိပ်ရင် သတိနဲ့အိပ်သူအပြင် အရိပ်အကဲသိတာလဲ မြန်သည်။

Lord က ချက်ချင်းနိုးကာ ခွန်းကို သူ့လက်မောင်းကနေချကာ သေချာစောင်ခြုံပေးပြီး အခန်းအပြင်ကို ထွက်လာသည်။

Lord လက်ထောက် က သိတာပေါ့...Lord က
နှိုးစရာမလိုဘူးဆိုတာ...

"Lord....မင်းဆရာ ဆုံးသွားပါပြီ...အခုပဲ
ရဲတိုက် ဆီက ဖုန်းဝင်ပါတယ်"

"ငါအခု သွားမယ် ပြင်ဆင်ထားလိုက်....မနက်ဖြန် ခွန်းကို ကူညီဖို့ မိန်းကလေးတစ်ယောက်ရှာပြီးပြီလား.."

"ဟုတ်ကဲ့...ပြီးပါပြီ..."

"ကောင်းပြီ...."

Lord က အရင် အခန်းထဲဝင်ကာ အင်္ကျီလဲ ပြီး
အိပ်ပျော်နေသည့် ခွန်းရဲ့ နဖူးလေးကို နမ်းလိုက်သည်။

Lord လဲ ညချင်းထွက်သွားခဲ့သည်။

~~~~~~~~~♥♥♥♥~~~~~~~~~~

ခွန်း မနက်ခင်း နိုးလာသည်။
အိပ်ရေးဝလာလို့လား..
မသိဘူး....အားလဲ ပြည့်လာသည်။

ဒါပေမယ့် ဘေးမှာ Lord မရှိဘူး.....

ဒီချိန် တံခါးခေါက်သံ နှင့် ကောင်မလေးတစ်ယောက်ဝင်လာသည်။

"မမလေးခွန်း....ကောင်းသောမနက်ခင်းပါ"

ခွန်းကြောင်သွားသည်။

"မမ ခွန်းကို ဘယ်လိုခေါ်လိုက်တယ်"
"မမလေးခွန်းပါ....အမနာမည်က ဖြူစင်နွယ် ပါ...
မမလေးရဲ့ အကူမိန်းကလေးပါ..."

"ဟုတ်...ညီမ နာမည်က ခွန်းဆုဟေသာ..ပါ တွေ့ရတာဝမ်းသာပါတယ် ရှင့်...မမလေး ဖြုတ်ခေါ်လို့မရပါဘူးလား...နားထဲတစ်မျိုးဖြစ်နေလို့"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now