အပိုင်း (73)

7.8K 101 7
                                    

အပိုင်း (73)

Lord က အရေးပေါ် ယာယီဆေးကုခန်းဆီ ခွန်းကို
ချီကာ ပြေးခေါ်သွား၏

ဟိုရောက်တော့ အရေးပေါ်ယာယီအခန်းထဲ
ဝင်သွားခဲ့သည်။

Lord က အပြင်မှာသာ နေခဲ့ရတယါ

ဆူးကလဲ သူ့နေရာသူပြန်ကာဖြင့်..အစောင့်တွေနှင့် နေနေသည်။

Lord လက်ထောက်က Lord အနားကို ပြေးလာကာ..

"Lord...လွတ်သွားပါတယ်.."

"နောက်ကွယ်က လူကိုရှာစမ်း..အဲ့အကောင်ရောရှာ."

"ဟုတ်..."
Lord တစ်ယောက် အရမ်းကိုကြောက်နေမိသည်။

သူကြောက်ရွံနေတာက....သူ့လက်မှာ ခွန်းသွေးတွေ...သူငါ့ကြောင့်ထပ်ပြီး ထိခိုက်ပြန်ပြီ....

သူမ က သေနတ်မှန်တာတောင် သူ့အကြောင်းကိုပဲ တွေးနေခဲ့တာလား....

ကိုယ်မှားသွားပါတယ်...ခွန်း....

တစ်နာရီ အကြာ ဆရာဝန်တွေထွက်လာသည်။

"Lord....."

"အခြေနေဘယ်လိုလဲ "

"အများကြီး မထိပါဘူး...ချက်ချင်းပြန်ကောင်း
မှာပါ...ကျည်လဲထုတ်ပြီးပါပြီး.."

"အင်း..."

Lord က ခွန်း ကို သူ့ရဲ့ ယာယီအဆောင်မှာ ထားသည်။

ခွန်းရဲ့ လက်လေးဆုပ်ကိုင်ထားရင်း သူမ သတိရ
လာမယ့်အချိန်ကိုစောင့်နေခဲ့သည်။

သုံးနာရီအကြာ......

ခွန်း သတိပြန်ဝင်လာခဲ့သည်။

သေနတ်မှန်ပြီး ကိုယ့်ကိုယ်ကိုသေပြီထင်နေပေမယ့် ရှင်နေသေးသည့် မိမိ....

ငါမသေဘူး....ငါမသေဘူးပဲ...တော်ပါသေးတယ်..

နည်းနည်း နာတာကို ခံစားမိပေမယ့်...အဆင်ပြေပါတယ်...

သေနတ်ထိတာ မနာဘူးပဲ....လျှောက်တွေးနေသည်။

ဒါပေမယ့် အကြည့်စူးစူးကြီးကို ခံစားမိနေတာနဲ့ ဘေးကို ကြည့်တော့...Lord က သူမ ကို စိုက်ကြည့်နေတာပင်။

ဘာပြောရမလဲ မသိတာနဲ့....စကားစပြောလိုက်သည်။

တထစ်ထစ် တငေါ့ငေ့ါ အူကြောင်ကြောင်ဖြင့်

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now