အပိုင်း(63) ZU

6.6K 72 0
                                    

အပိုင်း (63)

Lord က ခွန်း အဲ့နေ့က ပြောလိုက်တာကို
သဘောတူလိုက်မိသည်။

ဒါပေမယ့် အဲ့တစ်ခွန်း က ဘာတွေဆက်ဖြစ်သွား
မလဲ...သူမသိရှာလေဘူး.....

ခွန်း က သာမာန်အဖျားလေးမို့ ညနေ ကိုဟိန်းဆီ
သွားဖို့လုပ်ခဲ့သည်။

"ခွန်း စောစော ပြန်ခဲ့နော်....."

"ဟုတ်ကဲ့ "

Lord က တော့ နေခဲ့သည်။

ခွန်းတစ်ယောက် ထဲ ကိုဟိန်းဆီသွားလည်ခဲ့သည်။

ဘေးမှာလဲ ကိုယ်ရံတော်တွေနဲ့....
အစုံအလင်ပင်။
ခွန်း က အလှဆုံးလေးဝတ်ကာ နှင်းဆီ ပန်းရောင်
ပန်းစည်းနှင့်ရောက်လာသည်။

"..ကျေးဇူးပြုပြီး ..ဝေးဝေးနေကြပေးပါ...."

ခွန်းက သူ့နဘေးက လူတွေကို ရှောင်ခိုင်းသည်။

ကိုဟိန်း အခုလောက်ဆို ငြိမ်းချမ်းနေပြီပေါ့...

ပန်းစည်းလေးချကာ...

"ကိုဟိန်း....ခွန်းရောက်လာပြီ...နောက်ကျသွားတယ်...တောင်းပန်ပါတယ်.... ကိုဟိန်း....ခွန်းကြောင့်
..ဒီလိုဖြစ်ခဲ့တာ...."

မျက်ရည်တွေဝိုင်းစက်လာကာ... ပါးပြင်ထက်သို့စီးကျလာခဲ့သည်။

အတတ်နိုင်ဆုံး ပြုံးထားတယ်....

ဘာလို့ဆို ကိုဟိန်း က ခွန်း ငိုနေရင်သဘောမကျဘူး...

"ကိုဟိန်း....အခု...ကောင်းကင်ကနေ
ခွန်းကိုကြည့်နေမလား...."

"ကိုဟိန်း ကို ပွေ့ဖတ်ခွင့်လေးတောင်မရလိုက်ဘူး.."

"ကိုဟိန်း.... ဘဝဆက်တိုင်း ...ခွန်းနဲ့တွေ့ခွင့်မရပါစေနဲ့.....ကိုဟိန်း...လွတ်လွတ်လပ်လပ်... ဖြတ်သန်းပါတော့....ခွန်း..လဲ...အခုကစပြီး... ကိုဟိန်း ကို
မေ့လိုက်တော့မယ်....."

နာကျင်တယ်...မေ့လိုက်တော့မယ်....သိနေရရင်..
အားနာစိတ်ပိုလေ...ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်....ဘယ်လိုလုပ်ရမှာလဲ.... အဲ့ဒါက တစ်ကယ့်စိတ်ညစ်စရာပဲ...

ဒါကြောင့်...ငါ့အတွက်....ရော...ကိုဟိန်း အတွက်ရော မေ့လိုက်တာက... အကောင်းဆုံးပဲ...

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now