အပိုင်း(69)

6.3K 73 0
                                    

အပိုင်း (69)

ညစာ က ဆိုင်ကြီးတစ်ဆိုင်မှာပေါ့... အခန်း သီးသန့်ငှားထားသည်။

ဝိုင်ပုလင်းကြီး ချကာဖြင့်......

"ယောင်းမ သောက်ရအောင်"

"ဟမ်..."

သူ ယောင်းမ လို့ခေါ်လိုက်တာလား....ခွန်း ပါးတွေရဲတတ်လာသည်။

ဘာလို့ဆို ခွန်း သဘောကျတယ်။

"မသောက်တတ်ဘူး.....ဆူး..."

"သောက်ပါ..... နည်းနည်း လောက် သောက်ကြည့်ကောင်းတယ်"

"အင်း......"
ခွန်း လဲ ဆူးကို စိတ်မပျက်စေချင်လို့ သောက်လိုက်သည်။

နည်းနည်းခါးပေမယ့် ချိုပြီး အမွှေးတယ် အဲ့လိုလေး

"ကောင်းလား..."

"အင်း..."

နောက်တစ်ခွက်လောက် နှစ်ယောက် အတူ မော့ရင်း..

သောက်ရင်း သောက်ရင်း....

တစ်ပုလင်း လုံး ကုန်သွားသည်။

ခွန်း က သောက်နိုင်သလို ဆူးလဲ သောက်နိုင်သည်။

နှစ်ယောက်သား ပျော်ပျော်ကြီး ကို သောက်နေကြတာ...တစ်ဖက်မှာတော့...

~~~~~~~~~♥♥♥♥♥~~~~~~~~~~

Lord အလုပ်တွေပြီးတော့ ညစာစားဖို့
အပြင်ထွက်လာချိန်...

ထမင်းစားဝိုင်းမှာ ဘယ်သူမှမတွေ့ဘူး...

တဂယ်တော့ ခွန်း နဲ့ ဆူး ညစာစားချိန်တူတယ်..

တမင်ညစာအတူစားချင်လို့ Lord က ထွက်လာပေ
မယ့်...

ခွန်းကို မတွေ့ဘူး...

"ခွန်း...ရော....ဘယ်မှာလဲ...ဆူးရဲရဲရော.."

"မမလေးတို့ အပြင်သွားကြပါတယ်"

"ဘာ...ဘာလို့ ငါ့ကိုမပြောတာလဲ..."

"Lord အလုပ်ရှုပ်နေလို့မပြောမိတာပါ..."
"Fuck...."

မဟုတ်တာတွေ ဖြစ်သွားမှာ အရမ်းစိုးရိမ်နေသည်။

Lord က ခွန်း ရဲ့ တည်နေရာ GPS ကို ဖွင့်ကာ

အနောက်ကနေလိုက်သွားဖို့ လုပ်ချိန်...

ကားကလဲ အရှေ့ကို စိုက်ရောက်လာသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now