အပိုင်း (76)

6K 82 0
                                    

အပိုင်း (76)

အိမ်က မိသားစု တွေအကုန်ထွက်လာခဲ့ကြသည်။

သူတို့ကြည့်ရတာ ကျန်းကျန်းမာမာ နဲ့ အရင်လိုပါပဲ..

ဒါပေမယ့် ခွန်း က တော့ နတ်သမီးသဖွယ် ဘေးမှာ ကိုယ်ရံတော် တွေ အကူတွေဖြင့် အိမ်မှာ အမြဲ အနိုင်ကျင့်ခံရပြီး အမြဲ မျက်နှာပြောင်နဲ့နေခဲ့တယ့်သူက
အခုတော့ အရမ်းပြောင်းလဲသွားပြီ။

"ခွန်း......."

ခွန်း က ဘာမှ မပြောပါဘူး.....နှင်းစက်က

အလိုက်တသိနဲ့ပဲ အကုန်ဝင်ရှင်းပြသည်။

"မမလေး....က...ဒီကသူတွေနဲ့ ဥပဒေအရ မိသားစု
စရင်း ပြတ်ချင်လို့ပါ....လက်မှတ်လေး ထိုးပေးကြနိုင်မလား"

ခွန်းအမေ က ထုံးစံ မူ မပျက်.....အေးစက်စွာ စကားဆိုသည်။

"ဘာ.....ညည်းက ကောင်းကင်ပေါ်ရောက်တော့....အပေါ်ကို ပျံပြီး ငါတို့ကို ဒီလိုအချိုးလာ
လုပ်တယ်ပေါ့....နင်တို့အခုမြင်နေတယ့်ကောင်မ..."

စကားပြောတာတောင် မဆုံးသေးဘူး ဖြူစင်နွယ်
က ပါးရိုက်ဖြတ်ရိုက်လိုက်သည်။

ဖြန်း......

"မင်းတို့အရှေ့မှာရှိနေတယ့်သူက အရင်က
သူမဟုတ်ဘူး....အတိတ်ကို အတိတ်မှာပဲထားခဲ့......"

EiEiZaw က ဒေါသထွက်သွားခဲ့သည်။

ခွန်း က ဘာမှ မပြောဘူး....ဒီအတိုင်းကြည့်နေသည်။

သူ့အမ က အရှေ့ထွက်ကာ စာချုပ်မှာ လက်မှတ်ထိုးလိုက်ကာ...
"ပျော်ရွှင်ပါစေ....ဘဝအသစ်မှာ..."

Shine Win Thant ကလဲ အရှေ့ထွက်ပြီး...လက်မှတ်ထိုးလိုက်ပြီး အိမ်ထဲပြန်ဝင်သွားသည်။

Ei Ei Zaw ကတော့ ဒါမျိုးကျော်တတ်သွားတာကို
လုံးဝလက်မခံနိုင်ဘူးပေါ့
"မထိုးပေးနိုင်ဘူး...."

Nyein Htet Win က သူ့မိန်းမ ပုခုံးကို ကိုင်ကာဖြင့်
ဒေါသထွက်စွာပြောသည်။

"ဒီမှာ...မင်းကြောင့် ငါတို့ တစ်ခါထောင်ထဲ ရောက်ပြီး အနှိပ်စက်ခံရတယ်..."

"နောက်တစ်ခါတော့ မရဘူး.....အခု လက်မှတ်ထိုး
မလား...ငါနဲ့ ကွာရှင်းမလား...."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now