အပိုင်း (20)

8.6K 94 0
                                    

အပိုင်း (20)

TV ဖန်သားပြင်ထက်မှာ Lord က သူ့ ချစ်ဇနီးလေး မွေးနေ့ပွဲကိုညအတူ ကျင်းပနေသည်။

သူ့ဇနီးမွေးနေ့တောင် ပြုံးမနေဘူး...ရုပ်တည်ကြီး..

စိန် လည်ဆွဲလေးကို ယူကာ Lord ကိုယ်တိုင်
သူ့ချစ်ဇနီး လည်တိုင်မှာဆွဲပေးနေသည်။

ခွန်း က အားကျတာမဟုတ်ဘဲ Lord ကို မြင်တာနဲ့
သူ့အတွေးတွေက အမှားလုပ်မိတယ်ဆိုတယ့်
ခံစားချက်တွေပဲရောက်လာတယ်။ Lord ရဲ့ စိတ်ပျက်တယ် ဆိုတယ့် စကားက ခွန်းကို နာကျင်စေသည်။

တစ်ယာက်ထဲ အတွေးတွေ ယောင်လည်နေတယ့် ခွန်းကို မြင်တော့ ဟိန်းထက်အောင် က
အနားကိုသွားကာ...

"ညီမ....အလုပ်လုပ်ရအောင်လေ..."
ခွန်း ချက်ချင်း အသိစိတ်ပြန်ကပ်ကာ....

"ဟုတ်ကဲ့.... ကိုဟိန်း..."

ခွန်း က ကိုယ့်အလုပ်ကိုသာ ဂရုစိုက်လုပ်လိုက်သည်။

~~~~~~~~~~♥♥♥♥~~~~~~~~~~

ပွဲ ကြီးက ခမ်းခမ်းနားနားကျင်းပနေသည်။

Lord က ပုံမှန်အတိုင်းပဲ ဝိုင်နီသောက်နေသည်။

ဒီချိန်မှာ Lord နားဆီကို လက်ထောက်က
ခွန်း တိုက်ခိုက်ခံရကြောင်းပြောသည်။

Lord က အရမ်းကို ဒေါသထွက်သွားသည်။

"ဘယ်သူ လုပ်တာလဲ သိပြီလား.....အရှင်ဖမ်းနိုင်ခဲ့လား...ဘာလုပ်ဖို့ကြံတာလဲ"

"သခင်မ လက်ထောက်ကိုယ်တိုင်လုပ်တာပါ..ခိုင်းတယ့်သူကလဲ သူကိုယ်တိုင်လို့ပြောပါတယ်...မျက်နှာကို အက်စစ်နဲ့ ပတ်ဖို့လုပ်တာပါ"

Lord က ဒေါသတွေထိန်းကာဖြင့် ပွဲ ပြီး မှ ကိစ္စရှင်းမယ်လို့ တွေးလိုက်သည်။

~~~~~~~~~~♥♥♥♥~~~~~~~~~~

ပွဲ ကြီးက ည 10 နာရီမှာ ပြီးသွားသည်။

မိုး အရမ်းပျော်တယ် မိုး ရဲ့ မွေးနေ့မှာ ကိုမင်း နဲ့
ဖြတ်သန်းခွင့်ရလို့ အရမ်းကို ဝမ်းသာတယ်...
ပြီးတော့ မိုးအပိုင်ပြန်ဖြစ်တယ့် နေ့လေးလေ...
အနှောက်ယှက် တွေမရှိတော့ဘူး...

သူ့အတွေးတွေနဲ့ ပျော်နေစဥ်...

"ငါနဲ့ စကား ခဏ ပြောရအောင်"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now