အပိုင်း (41)
ခွန်း ပန်းချီလဲ ဆွဲလို့အပြီး
ငုံကြည့်လိုက်တော့ အိပ်ပျော်နေသည့်
သူမရဲ့ Lord....ခွန်း က Lord ကို ကြည့်တော့..သူမ
မြင်ရတာက..အရမ်းချောလှသည့်မျက်နှာလေး...."ဒီမျက်နှာလေးက...ချောလိုက်တာ....မျက်ဝန်း...နှာတံ...နှုတ်ခမ်း....မျက်နှာပေါက်...ခန္ဓာကိုယ်...နောက်ဆုံး...Sex အထိ အရာအားလုံး ပြည့်စုံတယ့် ယောကျာ်း.... ဘယ် မိန်းမ က
မလိုချင်ပဲနေမှာလား...ဒါပေမယ့် တစ်ဦးတည်းသော ငါက ဒီလူ ရဲ့ လက်ထဲက လွတ်မြောက်ချင်နေမိတယ်...လွတ်မြောက်ခွင့်မရတော့မှန်းသိတယ့်
အချိန်မှာ...သူ လွှတ်ပစ်မယ့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့မယ်...."Lord က လုံးဝ အိပ်ပျော်နေခဲ့သည်။
နှစ်နှစ်ခြိုက်ခြိုက်ပင်....
2နာရီလောက် ကြာမှ နှိုးလာသည်။
ကိုယ့်ချစ်သူပေါင်ကိုများ...ကိုယ့်အိပ်ယာအထင်နဲ့ အိပ်နေတယ့်သူ...
"အို့.....ကျစ်ကျစ်...နာလိုက်တာ "
Lord ခေါင်း ထလိုက်ချိန်မှာ ထုံပြီး နာကျင်မှုတစ်ခု ကို ခံစားလိုက်ရသည်။
Lord က ခွန်း ကို အလျင်ကြည့်လိုက်ကာ...
"ခွန်း အဆင်ပြေရဲ့လား..."
"Lord.....မျက်လုံး ထဲ ခွန်း အဆင်ပြေနေပုံပေါက်လို့လား....ထူ...ပါ..."
Lord က ခွန်းကို ထူလိုက်သည်။ ခွန်း ကသူ့ပေါင်ကိုထုကာ အကြောပြေအောင် လုပ်နေသည်။
ခြေထောက်လေး ထော့နဲ့ ထော့နဲ့ ဖြင့်..
Lord က ချီမယ် လုပ်တော့...."မချီနဲ့.... Lord... ပိုဆိုးသွားမှာ....လမ်းလျှောက်ပေးမှ အဆင်ပြေမှာ...သွေးလည်ပတ်မှု ရအောင်"
"ဟို ဆရာဝန် အကောင်နဲ့ ပေါင်းတော့...မဆိုးပါဘူး.. အတော်သိလာပြီပဲ..."
"ကျေးဇူးပါ..."
Lord က သူ့လူတွေကို ခေါ်လိုက်သည်။
တဖြေးဖြေး လျှောက်ရင်း Lord လူတွေအနားနီးတော့...သူတို့လေးယောက်က မျက်လုံးပြူးစွာကြည့်လာသည်။
မမလေး ခြေထောက်ဒီလိုတောင်ဖြစ်လာအောင် Lord ဘာတွေများလုပ်ခဲ့တာလဲ
YOU ARE READING
အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞
Romanceထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်နေရတာလဲ......