အပိုင်း (16)

9.1K 71 0
                                    

အပိုင်း (16)

Moe Wanna Htet က အခန်းထဲရောက်တာနဲ့

သူ့လက်ထောက်ကို ပါးကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။

"စောက်ကောင်မ နင်ငါ အကြိုက်ဆုံး ရေမွှေးကို
ဖျတ်ဆီးပစ်လိုက်တာပဲ..."

"တောင်းပန်ပါတယ်.... သခင်မ"

ချက်ချင်း ဒူးထောက်ကာတောင်းပန်သည်။

"တောက်....ဒေါသတွေထွက်လာပြီ....ထွက်သွား...
နင့်စောက်ခွက်မမြင်ချင်ဘူး"

"ဟုတ်ကဲ့...."

သူ ထွက်သွားတော့ လက်ထောက်အသစ်က
ဝင်လာသည်။

"သခင်မ စုံစမ်းခိုင်းထားသူ အကြောင်းရပါပြီ"

Moe Wanna Htet က ခွန်းအကြောင်းစုံစမ်းခိုင်းတာပါ ဒီချိန်သူတွေ့လိုက်ရတာက

သူတွေ့လိုက်ရတယ့် ဓာတ်ပုံက ဟိန်းထက်အောင် က ခွန်းနဲ့ အိမ်ပြန်နေတယ့် ပုံလေးပါ...

"နေပါအုံး... ဒီကောင်လေးက အဲ့ ကောင်မ နဲ့ ပတ်သက်မှုရှိနေတာလား...ဒါဆို...ဒီကောင်လေးက
သူ့အားနည်းချက်လား....."

~~~~~~~~~~♥♥♥♥~~~~~~~~~~

ခွန်း ဒီည အလုပ်ကို မသွားမှီ ဒဏ်ရာတွေကို
မသိသာအောင် Make up တွေသုံးကာ ဖုံးသည်။

သူလဲ ပိုက်ဆံလေးရှိလာတော့ အလှပြင်အသုံးကုန်တွေလဲဝယ်လာနိုင်တာပေါ့...တော်သေးတယ် ဒဏ်ရာက မရောင်တော့ဘူး...ပါးပါးလေးပဲ ကျန်တော့တယ်
အမေရိုက်တာ ကြိမ်လုံးဖြစ်နေလို့ပဲ...အခြားဟာသာဆို ငါဖုံးလို့ရမှာမဟုတ်ဘူး...

သေချာလေးဖုံးသည်။

ပြီးတော့အလုပ်ကိုသွားခဲ့သည်။

စိတ်က လေးလံပြီး...Lord မကူညီမှာကို အလွန်အမင်းစိုးရိမ်နေရှာသည်။

ခွန်း က အလုပ်လုပ်နေတုန်း....

"ညီမ...ဒီနေ့ဘာဖြစ်နေတာလဲ...တစ်ခုခုကို စိုးရိမ်နေတာလား..."

"ဘာမှ မဟုတ်ပါဘူး.... "

"အင်း....ညီမ စိုးရိမ်စရာရှိရင် အကို့ကို ပြောနော်."

"ဟုတ်ကဲ့... "
အချိန်မှီဆိုသလို....Lord က ရောက်လာသည်။

"ခွန်း....လိုက်ခဲ့...."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now