အပိုင်း (36)

6.5K 71 2
                                    

အပိုင်း (36)

Lord ရဲ့ မွေးနေ့ကို ရောက်လာခဲ့သည်။

Lord ရဲ့ မွေးနေ့မှာ Lord က ဘုရားစေတီကို
သွားမှာ ဖြစ်တယ်....

ခွန်းရဲ့....ဒီဇိုင်နာတွေကလဲ ခွန်းကို
သူတို့ချုပ်ထားသည့် ဝတ်စုံကို ပြကြသည်။

ရိုးရာ ဝတ်စုံလေး လှလိုက်တာ...
အရမ်းကို လှတယ်.....ခွန်း နဲ့သာဆိုရင်
အရမ်းကို လိုက်ဖက်နေမှာ...

မမနွယ်နဲ့ မမနှင်းက ဘေးက ကူညီကာဝတ်ပေးကြသည်။

သို့သော်......ထို ဝတ်စုံရဲ့ နောက်ကွယ်ဝယ်....

Moe Wanna Htet က ခွန်းရဲ့ ဒီဇိုင်နာ နဲ့
တွေ့ခဲ့သည်။
"ဒီဝတ်စုံ ဒီဇိုင်းက Lord ကိုယ်တိုင်
ရွေးချယ်ပေးတာပါ....သခင်မ....သခင်မက
ဘယ်လို ဖြစ်စေချင်တာပါလဲ"

"ရော့...."

မိုးက အထုတ်လေးတစ်ခုကို ပစ်ချပေးလိုက်သည်။

"အဲ့ဒါက... ယားယံစေတယ့်အမှုန့်တွေ...သူ
မဝတ်မှီ သူ့အင်္ကျီ နဲ့ ထမိန် အတွင်းထဲ
ဖြူးထားလိုက်..."

"ဟုတ်ကဲ့... သခင်မ...."

Moe Wanna Htet က တွေးသည်။

"သူ့အင်္ကျီ နဲ့ ထမိန် ဝတ်လိုက်ချိန်မှာ...တစ်ကိုယ်လုံးယားလာလိမ့်မယ်...ဒါပေမယ့်....အဲ့ဝတ်စုံကို ချွတ်ရင်လဲ...ဝတ်စရာ မရှိတော့ဘူး..ရှိတာ မဝတ်ပြန်ရင်လဲ ကိုမင်းဆူတာ ခံရမယ်.....ဘာလိုဆို ကိုမင်းက...
သူဝတ်စေချင်ရင် ဝတ်မှသဘောကျတယ်လေ...
မင်း ဘာဆက်လုပ်မလဲ ကြည့်ရတာပေါ့..."

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ခွန်းက ဝတ်စုံလေးကို ကြည့်ကာ...အရမ်းကို သဘောကျနေသည်။

သွားရမယ့်အချိန်လဲ နီးနေပြီမို့ အမြန်သာ ဝတ်စုံကိုလဲလိုက်သည်။

ဝတ်ပြီး ချင်းမှာပဲ...တစ်မိနစ်မှာ ဝတ်စုံ က
အစွမ်းပြသည်။

"ယားတယ်...အရမ်းယားတယ်..."

ခွန်း က မျက်နှာလေး ရှုံကာပြောသည်။

နှင်းစက် နဲ့ ဖြူစင်နွယ်က ခွန်း ဝတ်စုံကို
ဝိုင်း ချွတ်ပေးကြသည်။

ခွန်း ရဲ့ အသားဖြူဖြူလေးတွေမှာ......
အနီရောင် အကွက်များစွာပေါ်လာသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now