အပိုင်း (68)

7.3K 97 4
                                    

အပိုင်း (68)

မဟုတ်ဘူး...ငါ...Lord ကို ယုံကြည်ရမယ်...သူလိမ်နေတာလဲ ဖြစ်နိုင်တာပဲ..သူက ဘာလို့ရဲတိုက်ထဲ ဝင်လာနိုင်ရတာလဲ...

စိတ်ရှုပ်လာပြီ...ဘာပဲဖြစ်ဖြစ်... ငါက Lord ရဲ့ ရည်းစား...အယ်.... မဟုတ်သေးဘူး..ငါက Lord.ချစ်သူ....

"မဟုတ်ဘူး...ခွန်း ကသာ Lord အချစ်ဦး...."

ဒီတော့ သူမက လှောင်ပြုံးလေးဖြင့်...

"မယုံဘူးလား...ငါက သာ Lord အချစ်ဦးဆိုတာကို"

"မယုံဘူး......Lord ရဲ့ အချစ်ဦးက ခွန်းဆုဟေသာပဲ....အဲ့သူကလဲ...ငါပဲ..."

Lord အကြောင်းအချေအတင်များနေသည့်
သူတို့နှစ်ဦးကိုကြည့်ကာ
ဘဝမှာ ပထမဆုံး အကြိမ် Lord မြန်မြန်လာဖို့
မျှော်နေမိသည့် သုတ.....

ဒီအချိန်ရောက်လာသည့် နှင်းစက်နဲ့ ဖြူစင်နွယ်

ခွန်း က သူ့လူတွေကို ကြည့်ကာ...

"မမတို့ သူ့ကို သိလား"

ဖြူစင်နွယ်က သေချာကြည့်ကာ
"သိဘူး....."

နှင်းစက် က သေချာကြည့်မှ...

"သခင်မလေး...ဆူး....အိမ်ရှေ့စံမင်းသမီး..."

နှင်းစက်အသံကြောင့်အကုန်လုံးက အံ့သြ
ကုန်ကြသည်။

ချက်ချင်း အရိုသေပေးကြသည်။

ခွန်း က လွဲရင်ပေါ့.....သူ့ကိုယ်သူဘာလုပ်ရမှန်းမသိကြောင်တောင်တောင်ဖြစ်နေသည်။

ဆူးက သူတို့ကိုကြည့်ကာ

"ဟာ...ဘာတွေလျှောက်လုပ်နေတာလဲ..အဲ့တာ
ဦးလေး Lord ခေတ်ကဟာတွေ...ထားခဲ့လိုက်တော့"

ဒီချိန်မှာပဲ ဆိုက်မြိုက်စွာ ရောက်လာသည့် Lord....

"ဆူးရဲရဲ...."

ဆူး က အကို Lord အသံကြားတော့...
ခေါင်းလေးငုံကာ နှုတ်ဆက်သည်။

"ရောက်တာနဲ့...ငါ့ဆီလာနှုတ်ဆက်မယ့်အစား...မဟုတ်တာတွေလုပ်နေတယ်ပေါ့..."

"မဟုတ်ပါဘူး.... "

ချက်ချင်း မျက်နှာငယ်လေးနဲ့
ခုနက ပုံစံနဲ့ တခြားဆီ

"မင်းဝတ်စားထားတာ ကြည့်စမ်း...ဒါလား...ရဲတိုက်ကိုလာတယ့် မင်းသမီး ပုံစံ လား"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now