အပိုင်း (94)

7.5K 84 7
                                    

အပိုင်း (94)

"ဆူးက သုတ ကို လက်ထပ်ခွင်တောင်းတယ်... သုတ က လက်ခံလိုက်ပြီ"

"ဘာ......​ခွန်း ပြောင်းပြန်ပြောနေတာ
မဟုတ်လား"

"မဟုတ်ပါဘူး "

Lord  အ သွားသည်။ သူ့ညီမ က ဘာလဲဟ....မိန်းကလေးက ယောက်ျားလေး ကို
လက်ထပ်ခွင့်တောင်းတယ် ခိုးပြေးတယ်...

Lord ခေါင်း သွေးပင်တတ်လာသည်။

"အဲ့တော့ ဟိုအကောင်လက်ခံတာလား"

"ဟုတ်တယ် "

"ဟာ....ဘယ်လိုတောင်လဲ"

"မင်္ဂလာဆောင်ဖို့ နေ့ရွေးတော့....နောက်လ
3ရက်နေ့ ရွေးထားတယ်"

"ကောင်းသားပဲ...."

ခွန်း က Lord ကို နှုတ်ခမ်း လေးဆူကာဖြင့်

"Lord...ခွန်း စံအိမ်က လူတွေ အရမ်းရှုပ်လို့
အကုန်ခေါ်သွားပါလား...ခွန်း မျက်စိနှောက်တယ်"

"ခွန်း သဘောပါ..."

ခွန်း နဲ့ Lord က နှစ်ယောက် အတူ လမ်းလျှောက်ရင်း လမ်းအဆုံးမှာ....ရေကန်တစ်ကန်ကိုတွေ့ရသည်။

လမင်းကြီး ပုံရိပ်ဟာရေကန်အပေါ် ဖြာကျနေသည်။

"လှလိုက်တာ....lord ရယ်"

"ခွန်း.....က ပိုလှတယ် "

ခွန်း ပါးလေးရဲတတ်လာပြန်သည်။

ထိုနေမှာထိုင်လိုက်သည်။

Lord ပုခုံးပေါ် ခေါင်းလေးမှီလိုက်ကာ

"...အဲ့လိုလေးတွေ ပြောနေတာ ဟုတ်ရောဟုတ်ရဲ့လား...ခွန်း က တဂယ် လှလို့လား"

"ခွန်း ထက်လှတယ့်သူ ဒီကမ္ဘာမှာတင်မကဘူး စကြာ၀ဠာမှာတောင် မရှိဘူး အရာအားလုံးထက်
ပိုလှတယ်"

အပြောကောင်းတယ့် သူ။....သူအဲ့လိုတွေမပြောရင်တောင် ခွန်း က Lord အပေါ် ကျရှုံးပြီးသားပါ...

"Lord..... ခုန က လမ်းက lord လုပ်ပေးထား
တာလား..."

"အင်း...ခွန်း အတွက်လေ.....ပြီးတော့.."

Lord က နေရာတစ်ခုကို ထသွားကာဖြင့် ဂီတာ နှစ်လက်ယူလာသည်။

ခွန်း က မျှော်ကြည့်ရင်း....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now