အပိုင်း (92)
ခွန်း မနက်ခင်း မှာလဲ....ပန်းချီသာ ဆွဲနေသည်။
Lord ခွန်း ဆီကို များပြားလှသော....အစေခံတွေနဲ့...အစောင့်တွေကို ပို့ထားသည်။
ညအိပ်လျှင်လဲ....ခွန်းလက်ကို ချည်ကာ
အိပ်စေသည်။ငါကြည့်ရတာ...အကျဥ်းထောင်ချခံနေရသလိုပဲ...
အကျယ်ချုပ်ကျနေသလို ခံစားရတယ်....
Lord ရဲ့ ခြေလှမ်းတွေဟာ ခွန်းဆီကို သွားတယ်..
ဒါပေမယ့် မရောက်ဘူး...ခွန်း မျက်နှာလေးကို မြင်ချင်လွန်းလို့
သေတော့မလိုပဲ....ဒီလိုနဲ့ ရူးသွားလိမ့်မယ်.....တစ်ရက်ကနေ တစ်ပတ်.....တစ်ပတ်ကနေ တစ်လ..
ဒီကြားအတွင်း ခွန်းဆီ အကြိမ်ပေါင်းများစွာတွေ့ခွင့်တောင်းပေမယ့် မပေးခဲ့ချေ။နေမကောင်းမဖြစ်တတ်တယ့် Lord က
စိတ်ဖိဆီးမှု ပင်ပန်းမှုတွေနဲ့ အားလုံးစုကာ
နေမကောင်း အကြီးအကျယ်ဖြစ်တော့သည်။ဘယ်ဆရာဝန်မှလဲ အထိမခံသလို...သူ့ကိုဆေးထိုးဆေးတိုက် လုံးဝမရချေ။
ဆူးရဲရဲ တစ်ယောက်ပေါက်ကွဲကာ...ခွန်းဆီသွားတော့သည်။
"ခွန်း......."
ခွန်း က ပန်းချီဆွဲနေတာကို ရပ်ပြီး အနောက်
လှည့်ကာ စကားပြောသည်။"ဆူး....."
"နင်လုံလောက်နေပြီ....ဒီလောက်ဆိုရင်...."
အစမရှိ အဆုံးမရှိ စကားကြောင့်.....
"ဘာကိုလဲ... "ဆူးက ခွန်း ကို သေချာကြည့်ကာ....
"နင်..ငါ့အကို ကို ခွင့်မလွှတ်ပေးနိုင်ဘူးဆိုတာ မဟုတ်သေးဘူးလေ.....ကိုယ်ရံတော် အယောင်ဆောင်ပြီး ဝင်လာတယ်...အကို့မှာ
အလုပ်တွေအများကြီးအပြင်..သူ့နားချိန်တိုင်း...
နင့်ကိုပေးခဲ့တယ်...သူအများကြီး ကြိုးစားကာကွယ်ပေးခဲ့တယ်...ဒါပေမယ့် သူအခု တစ်ခါလွဲချောသွားတယ်""ဟုတ်တယ်....နင်ကလေးပျက်ကျသွားတယ်...နင်ငါ့အကို ကို ခွင့်မလွှတ်ပေးနိုင်ဘူး...မှန်တယ်..."
"အချိန် တစ်လရှိပြီ.....နင်အခု ထိ မဖျတ်နိုင်သေးဘူးလား...နင်လဲ ဗုဒ္ဓဘာသာပါ....ဒါကံကံ၏အကျိုးပဲလေ...နင်တို့အရင်ဘဝက ဘာတွေလုပ်ထားမှန်းလဲ
မသိသလို...ကလေးက လဲ မွေးဖွားခွင့်မရှိနိုင်အောင် ဘာတွေလုပ်ထားမှန်းလဲမသိတာ..."
"အတိတ်က အတိတ်က...ပစ္စုပ္ပန်က ပစ္စုပန်...နင်တို့မှာ အနာဂတ်ကျန်သေးတယ်...အဲ့တာရော...အကုန်
ဒီအတိုင်းပဲဆက်နေတော့မှာလား....အကုန် လုံး Lord အမှားပေါ့.....နင်ကရော...မမှားဘူးလား...
ခွင့်လွှတ်ချိန်တန်နေပြီလေ....Lord ကိုရော နင်ဒီအတိုင်း လွှတ်ထားမလို့လား"
YOU ARE READING
အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞
Romanceထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်နေရတာလဲ......