အပိုင်း (10)

10.6K 95 0
                                    

အပိုင်း (10)

Moe Wanna Htet က ဧည့်ခန်းကြီးထဲဝယ်
သူ့လက်ထောက်တွေနဲ့ စကားပြောနေသည်။

"မအောင်မြင်ဘူး...ဟုတ်လား...နင်တို့စောက်လုပ်ကို ဘယ်လိုလုပ်နေတာလဲ.... "

"တောင်းပန်ပါတယ် သခင်မ..."

"တောက်...စောက်သုံးကိုမကျဘူး..."

Moe Wanna Htet က ခေါင်းကို အောက်စိုက်ကာ ဒေါသထွက်နေလေရဲ့...သူမလက်ထောက်ကလဲ အောက်ကိုအောက်စိုက်ကာ ကြောက်နေလေသည်။

ရုတ်ချည်းဆိုသလို Lord ဝင်လာတာတောင် သူတို့သတိမထားမိဘူး....Lord က မိုး ရဲ့ လက်ထောက် ဆံပင်ကို ဆွဲဆောင့်လိုက်သည်။

"အား....."

Moe Wanna Htet လဲ လန့်ကာ... ကြည့်လိုက်တော့.....
"ဘာဖြစ်တာလဲ....ကိုမင်း..."

ဆံပင်ကိုဆွဲဆောင့်ကာ ပစ်ချလိုက်သည်။

မှောက်လျက်ကျသွားသည့် သူမ

"အ့.........."

Moe Wanna Htet လဲ ပြာယာခတ်ကာဖြင့်

"ကိုမင်း...ဘာဖြစ်လို့လဲ"

သူမ က မှောက်လျက်ကျနေရကနေ အားယူကာ ထသည်။

Lord က မျက်နှာကို ပိတ်ကန်လိုက်သည်။

Moe Wann Htet မှာ အသားတွေပင်ဆက်တိုက်တုန်လာသည်။

Lord က အရမ်းကြောက်စရာကောင်းနေ၏

Lord ရဲ့ မျက်နှာ က အခုချိန်မှာ အရမ်းအေးစက်ပြီး အရင်ကလဲ ကြောက်စရာကောင်းပေမယ့် အခုက ပိုပြီး ကြောက်စရာကောင်းလှသည်။

ဆေးလိပ်ကို မီးညှိကာ ဧည့်ခန်းက ရွှေရောင် ဆိုဖာခုံရှည်ထက်ဝယ် ခြေချိတ် ထိုင်ကာ မျက်လုံးက လုံးဝဒေါသထွက်နေသည်။

Lord ရဲ့ လက်ထောက် သူမ လက်တွေကို
နောက်ပြန်ချုပ်ထားသည်။

"Lord.....ကျွန်မ ဘာလုပ်မိလို့လဲ"

Lord ရဲ့ လက်ထောက်က သူမကို Video ကို ပြသည်။

"ပြောစမ်း...."

Moe Wanna Htet က လန့်နေသည်။

သူမစိတ်ကိုလျော့ကာ Lord ရဲ့ ပေါင်ပေါ်ထိုင်ကာ Lord ရဲ့ ဂုတ်ကိုဖတ်ရင်း....ချွဲနွဲ့စွာပြောသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now