အပိုင်း (48) ZU

7K 93 4
                                    

အပိုင်း (48)

Lord က သူနေရာကနေထကာ ခွန်းဆီသွားသည်။

ခွန်း ကလဲ ဝင်လာသည်။ ဝန်ကြီးတွေနဲ့အရာရှိမျက်လုံးတွေက Lord ကို လိုက်ကြည့်နေမိသည်။

ခွန်း အရှေ့ကို Lord ရောက်တာနဲ့....

ခွန်း က Lord ပါးကို အားအကုန်လွှဲကာ
ဝန်ကြီးတွေအရာရှိတွေအလည်မှာ ရိုက်ချလိုက်သည်

ဖြန်း!!!!!!

"ဒါ..ခွန်းကို ရိုက်လို့...."

ဝန်ကြီး တွေ အရာရှိတွေက ရော အကုန်လုံး
လန့်ကာ မျက်လုံးပြူးကာ...ဖြင့်....

"Lord ကို ရိုက်လိုက်တာ....."

"Lord...."

"ငါဘာမြင်လိုက်တာလဲ..."

အကုန်ရေခဲရိုက်လိုက်သလို ကြက်သည်း
မွှေးတွေပါ ထလာပြီး.....အရမ်းကို လန့်သွား
ကြသည်။

"မင်း....ဒီကောင်မလေး...မင်း ဘယ်သူ့ကိုရာရာစစလာထိရဲတာလား....."
အရာရှိတစ်ယောက်က ပြောတုန်းရှိသေး..တယ်။

Lord က ခွန်း ရဲ့ ပါးလေးကို ကိုင်လိုက်ရင်း...
ပြုံးကာဖြင့်...

"ကျေနပ်သွားပြီလား....ထပ်ရိုက်ချင်သေးလား.."

ခွန်း က ရုတ်တရက် စိတ်ပြေသွားသည်။

သူ့ကို ဝန်ကြီး တွေ အရာရှိတွေအလည်ရိုက်လိုက်တာလေ...ဘာမှမဖြစ်ဘူးလား...
Lord က အရမ်းသဝန်တိုလွန်းအားကြီးပြီး
ဒေါသကပါ ပါလာတာပါ.....အချစ်ကြီးတော့....အမျက်ကြီးတယ်လေ....

အဲ့လိုပါပဲ.....ဒါပေမယ့်အဲ့တာကလွဲရင်...
ခွန်းဘာပဲလုပ်လုပ် စိတ်မဆိုးရက်သူပါ....

ဒါကို သူ့ကိုယ်သူ သိနေလေပြီ.....သူကို ခွန်းကို စွဲလမ်းယုံပဲမဟုတ်ဘဲ....ချစ်မိနေပြီဆိုတာကိုရောပါ

"Lord...စိတ်မဆိုးဘူးလား......"

"တစ်ကမ္ဘာလုံး အရှေ့မှာ ရိုက်ရင်တောင်
ကိုယ်စိတ် မဆိုးပါဘူး....ခွန်း သာ ခွင့်လွှတ်မယ်
ဆိုရင် ဘာမှမဆိုလုပ်လို့ရပါတယ်"

ဖြန်း!!!!!!

"ခွန်း ကို မယုံကြည်လို့..."

ခွန်း က နောက်တစ်ချပ်ထပ်ရိုက်လိုက်သည်။
"ကျေနပ်ပြီလား...."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now