အပိုင်း (50) ZU

7.2K 78 5
                                    

အပိုင်း (50)

"ဟမ်....."

"ဟုတ်....ကဲ့"

မျက်နှာကြီးမဲ့ကာ ဖြင့် "အတွဲတွေ....အာ...
ငါ့အရင်က Lord မရှိတော့ဘူး..."

Lord က အလုပ်လုပ်နေတုန်း...

လက်ထောက် က Lord ကို ကြည့်ကာ....

"Lord....အချစ်လေးရောက်လာပါတယ်"

Lord က သူ့လက်ထောက်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။သူဘယ်သူလဲ သိနေသည်။

"ဝင်ခိုင်းလိုက်....ကိုကို့ ဆီ လာခဲ့ပါလို့ ပြောလိုက်"

"Lord......."
"လုပ်လေ...သွားပြော..."

Lord လက်ထောက်မှာ မျက်နှာလေး
မဲ့ကာဖြင့် ဘာလို့ငါ့ကို ဒီလို ဒုက္ခတွေပေးနေရတာလဲ...

"ကိုကို့ ဆီလာခဲ့ပါတယ့်..မမလေး.."

"ခ်ခ်ခ်ခ်ခ်...."

ခွန်း က ရယ်ကာဖြင့် အထဲကို ဝင်သွားသည်။

Lord ဆီကို ရောက်တော့.....Lord လက်ထဲက
ဘောပင်ကိုယူကာ ဘေးချအရှေ့က စာရွက်စာတမ်းတွေ File တွေကိုစီကာ ဘေးမှာ ချလိုက်သည်။

လွတ်သွားသည့် စားပွဲအလွတ်မှာ.....

ပန်းကန်တွေချကာ နှင်းစက်ကထွက်သွားသည်။

ခွန်း က Lord ပေါင်ပေါ်ထိုင်ကာ Lord ဂုတ်ကို ဖတ်တွယ်ထားသည်။
မျက်မှန်နဲ့ Lord က အရမ်းကိုချောသည်။

"Lord....Lord...."

"ဗျာ....."

"အလုပ်တွေရပ်ဦး တစ်ခုခုစား..."

"ခွန့်ကျွေးလေ....."

ခွန်း က ထမင်းကို ခွန်းဖြင့်ခပ်ကာ...Lord ပါးစပ်
နားခွန့် သည်။

Lord က ခွန့်ကျွေးတာလေးစားသည်။

"ဟင်းရော...."

အခွံနွှာပြီးသား ပုဇွန်ကို ခွန်းက သူမ နှုတ်ခမ်းလေး
နှင့် ယူကာ Lord ကိုပြသည်။

Lord က အလိုက်တသိ ခွန်း နှုတ်ခမ်းက ပုစွန်လေးကို သူ့နှုတ်ခမ်းဖြင့်ယူကာ စားလိုက်သည်။

"အွန်း....ပုဇွန်ဟင်းက အစပ်ချက်ထားတာ ဘာလို့
ချိုနေပါလိမ့်...."

"Lord...ကတော့...."

နှစ်ယောက် ပျော်ပျော်ကြီး ဆော့ကစားပြီးချိန်
Lord လဲ ထမင်းစားလို့ပြီးပြီ။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now