အပိုင်း (82+83)

7.2K 94 7
                                    

အပိုင်း (82+83) WEDDING

ဒီနေ့က နောက်ဆုံးတော့ရောက်လာပြီ....မနက်
4 နာရီကထဲက နိုးနေသည့် ခွန်း.......

ရင်တွေခုန်လွန်းလို့.....သူတို့နှစ်ယောက် ည က
အိပ်မရလို့ Lord လက်ထောက်က အိပ်ဆေးတိုက်ထားရသည်။

အိပ်ဆေးနဲ့တောင် မနက်လေးနာရီ ခွန်း နိုးနေသည်။

ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်နေတုန်းပဲ....ငါက Lord နဲ့ လက်ထပ်ရမှာလား...

လုံးဝ မယုံနိုင်စရာ..အိမ်မက်တစ်ခုလို ဖြစ်နေသည်။

မနက်ခင်းကြီး မှာ မှန်နံရံကနေ အပြင်ကိုငေးနေမိသည်။

ညဝတ်အင်္ကျီပါးပါးလေးဖြင့်

Lord က အိပ်ရင်း....ခွန်းရင်ခွင်ထဲမရှိတော့ နိုးလာသည်။

သူကြည့်တော့ ခွန်း က ညဝတ်အင်္ကျီ ပါးပါးလေးနဲ့ မှန်နံရံကနေ အပြင်ကိုငေးနေတာပဲ...

စောင်ပါးပါးလေးကို ယူကာ ခွန်းပုခုံးမှာ လွှားခြုံပေးလိုက်သည်။

"ခွန်း....မအေးဘူးလား...."

ခွန်း လန့်သွားကာ....

"Lord....."

"ဘာတွေ တွေးနေလို့...ကိုယ်လာတာ မသိတာလဲ"

"အင်း....မယုံနိုင်သေးလို့ပါ...."

Lord က ဒူးကွေးချကာ ခွန်းကို လက်တစ်ဖက်နဲ့
မ ချီလိုက်သည်။
ကလေးချီသလိုမျိုး ခွန်းကို သူ့လက်တစ်ဖက်တည်းနဲ့
ပွေ့ချီကာ...

"ဘာတွေမယုံသေးတာလဲ..."

"မသိတော့ဘူး..."

"စိတ်လှုပ်ရှားနေတာလား..."

"အင်း...."

Lord က ချီထားတော့ ကိုယ့်ကိုယ်ကို ကလေး လို့တောင်ထင်မိတယ်။

"ခွန်း သင်ထားတယ့်ဟာတွေတဂယ်အသုံးမချလဲ ဖြစ်တယ်...ကိုယ့် ဇနီးကို ဘယ်သူမှ အနိုင်မကျင့်ရဲ
ပါဘူး..."(ခွန်းကလဲ သိတာပေါ့...ဒါကမျိုးကတော့)

"ဒါပေါ့...ယောက်ျား..."

"အင်း...."
Lord က ခေါင်းတညှိမ့်ညှိမ့်ဖြင့် ပြီးမှ...

"ဘယ်လိုခေါ်လိုက်တာလဲ"

"....ဟင်...ဘာခေါ်လိုက်လို့လဲ"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now