အပိုင်း (56) ZU

6.4K 79 0
                                    

အပိုင်း (56)

တံခါးကြီးလဲ ပွင့်သွားချိန်.....ခွန်းဟာ အဖြူရောင် လေးကနေ အနီရောင်ပြောင်းလဲပြီး သွေးတလူးလူးနဲ့
မြင်လိုက်ရသည်။

သူမလက်လေးတွေကို ကြိုးတွေနဲ့ တုတ်နှောင်ထားသည်။

Moe Wanna Htet က ​ကြာပွတ်နှင့် ခွန်းကို လက်ရွယ်နေတာမြင်လိုက်ရတော့.....

Lord ရဲ့ ဒေါသတွေကို အတိုင်းတာတစ်ခုထက်ကို ကျော်လွန်ကာဖြင့် မျက်လုံးတွေက နီရဲပြီး
မျက်ခုံးကကြုံသွားကာ အံကိုကြိတ်လိုက်သည်။

အရမ်းကြောက်စရာကောင်းလွန်းလို့
Moe Wanna Htet က ချက်ချင်းဒူးထောက်မိလိုက်သည်။

မိုးရဲ့လက်ထောက်တွေလဲ...ဒူးတွေပါ တုန်လာကာ လက်ထဲက ကြာပွတ်တွေလွှတ်ချကာ ဒူးကိုထောက်ကာ နဖူးက ကြမ်းကိုထိထားကြသည်။

"ကိုမင်း...."

"Lord...."

လင်းသုတ က သူတို့ကြားက ဖြတ်ကာ ခွန်းဆီသွားသည်။

အရှေ့မှာကာနေတယ့်...ဒူးထောက်နေသည့်
Moe Wanna Htet ကို

သခင်မ တွေ...ဘာတွေ... နားမလည်ဘူး...

လောလောဆယ် ခွန်း က သူ့အတွက် အကောင်းဆုံး သူငယ်ချင်း....

သူ့သူငယ်ချင်း ကို ဒီလို နှိပ်စက်ခံထားရတာမြင်တော့....လုံးဝသည်းမခံနိုင်ဘူး...

အဲ့အတွက် အပြစ်ခံရမယ်ဆိုရင်ကျေကျေနပ်နပ်ခံလိုက်မယ်။

သူမကို အားဖြင့် စောက်ကန်လိုက်သည်။

"ဖယ်ထား...."

လင်းသုတ အသံကျယ်ကြီး...အော်လိုက်သည်။

Moe Wanna Htet က လဲကျသွားပြီး
တော်တော်ကို နာသွားတော့...

သူမလို သခင်မကို ဘာမှမဟုတ်တယ့် ကောင်က
ကန်ရဲတယ်ပေါ့.......

"မင်းကများ......."

Lord က လဲ ကျသွားသည့် Moe Wanna Htet အနားကို သွားကာ....သူမလက်ကို တက်နင်းကာ
ဖိချေလိုက်သည်။

(Lord စီးထားတယ့်ဖိနပ်က the oxford's Cap Toe Type)

အနောက်က ကိုယ်ရံတော်တွေဆို ဆက်ပင်မကြည့်နိုင်ပေ။ ဘယ်လောက်တောင်နာလိုက်မယ့် ဖြစ်ခြင်း..

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now