အပိုင်း (37)

6.9K 80 0
                                    

အပိုင်း (37)

"ကိုယ်မင်းကို အပြစ်ပေးရမယ်"

"ဟမ်.....ခွန်း ဘာလုပ်မိလိုက်လို့လဲ"

"အရမ်းလှနေလို့..လေ"

"အဲ့တာ ခွန်းအမှားလား...."

"အဲ့တာတွေ..မသိဘူး.....အပြစ်ပေးရမှကျေနပ်မယ်"

ခွန်း တဂယ်ကို လန့်နေပြီ...Lord က ဘယ်လိုလူလဲ
သူက...တဂယ်မျက်နှာအမျိုးမျိုးနဲ့လား...

အခုပြောနေတယ့် Lord ရဲ့စကားသံကော အမူအယာက တဂယ်ဒေါသထွက်နေတာ...သူက သဝန်တိုရတာကို မုန်းနေတာပဲ...အခုချိန် လုပ်ခွင့်သာမပေးရင်
ငါပိုဆိုးလိမ့်မယ်....

"Lord... ကြိုက်..သလို...အပြစ်ပေးပါ"
"ဒီအချိန်မဟုတ်ဘူး...ဒီည ကိုယ့်ရဲ့ Birthday Party ရှိတယ် အဲ့ချိန်ကြရင်တွေ့မယ်"

"သဘောပါပဲ...."

သူပြုသမျှ ခံရမှာပဲ....

Lord က သူ့ Birthday Party မတိုင်မှီ သူ့ရဲ့
လူယုံနှင့် လုပ်ငန်းကမိတ်ဆွေတွေ
သူ့အဖေ့လက်ထက်ကတည်းကအခုထိ
သူ့ကိုအမြဲကူညီပေးတယ့် ဝန်ကြီးချုပ် စသည့်အရေးကြီးပုဂ္ဂိုလ်များ... ထိုသူတွေကို ဖိတ်ကာ
ညစာ အရင်စားသည်။

ခွန်း နဲ့ မိုးကလဲ ပါသလို Lord ရဲ့လက်ထောက်နှင့်ကိုယ်ရံတော်ခေါင်းဆောင်....အိမ်တော်ထိန်း
သူတို့လဲပါသည်။

Lord က သူ့မွေးနေ့ညစာဖိတ်ပွဲမှာ...ထိုင်နေသူတွေက ရာထူးအဆင့်တန်းတွေမေ့ထားရသည်။ဘာလို့ဆိုအကုန်လုံးက သူလိုအပ်သူတွေမို့လိုပင်။
ညစာ စားရင်း စကားကို အေးအေးဆေးဆေး ပြောနေကြသည်။

ခွန်း က ထမင်းကို ဒီအတိုင်းလေးစားရင်း..ဘာဟင်းမှလဲမခတ်ရဲဘူး...လူတွေဝတ်စားထားတာအချို့က
ပုခုံးမှာအပွင့်တွေနဲ့...Lord နဲ့ သခင်မ တို့ အင်္ကျီမှာဆိုလဲ ရွှေရောင်ငွေရောင်တံဆိပ်ပေါင်းများစွာ..နာမည်ကြီးလုပ်ငန်းရှင်တွေကြားဝယ်..
သူမကဘာအဆင့်မှမဟုတ်ဘူး....ဒီမှာထိုင်နေရတာ ငါက အရေးမပါသလိုပဲ...

Lord က ခွန်း ပန်းကန်ထဲ ဘာဟင်းမှမမြင်လို့...
ပုစွန်ထုပ်ဟင်း ပန်းကန်ထဲမှ ယူကာ ခွန်းပန်းကန်ထဲထည့်ပေးလိုက်ချိန်...

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now