အပိုင်း (39)

6.9K 68 3
                                    

အပိုင်း (39)

Lord ကိုယ့်ပုံရိပ်ကိုယ်တောင် မထိန်းနိုင်တော့ဘူး

ခြေလှမ်းကျယ်တွေနဲ့ အမြန်လျှောက်လာသည်။

Lord လာမည်ဆိုသည်နှင့်အကုန်လုံးလမ်းရှင်းပြီးသားပင်။ VIP အခန်းဆီကိုလျှောက်ရင်း...Lord ရဲ့ လက်ထောက်က တံခါးဖွင့်ပေးကာ....

Lord ဝင်လာခြင်း မြင်လိုက်ရသည်လေး..လူနာ
ကုတင်ထက် လှဲနေသည့် ခွန်း....

"ခွန်း....."

Lord လာတာသိလို့ တမင် မျက်နှာ ကိုလွှဲနေသည်။

သူမ အခု မကြည့်ချင်ဆုံး မျက်နှာက သူ့မျက်နှာ ပဲ။

Lord က ခွန်း အနားမှာ ထိုင်လိုက်သည်။

"ခွန်း...ကိုယ့်ကို ကြည့်ပါဦး.."

ခွန်း က မကြည့်ပါဘူး.... မျက်နှာကို လွှဲထားသည်။

"ခွန်း ကိုယ်မှားသွားပါတယ်.."

Lord က ခွန်းရဲ့ လက်လေးကို ကိုင်ကာ..ပြောသည်။
ခွန်းက Lord ကိုင်ထားသည့် လက်ကို ရုန်းလိုက်သည်။

"ခွန်း နေမကောင်းလို့....ထွက်သွား ပေးလို့ရမလား "

"မရဘူး....ကိုယ်လဲ နေမကောင်းဘူးလေ"

"Lord ဘယ်နေရာက နေမကောင်း ဖြစ်နေတာလဲ"

"မင်းကို လွမ်းလို့လေ.....သေတော့မလိုပဲ "

"တော်ပါ...."

ဒီအချိန် တံခါးခေါက်သံနှင့်အတူ Lord လက်ထောက်က ဝင်လာခဲ့သည်။

"Lord....မမလေး...ဆရာဝန် ရောက်နေပါတယ်"

"ဝင်ခိုင်းလိုက်".

ဆရာဝန်က ဝင်လာတော့ Lord က သူ့လူလို့ ထင်ပေမယ့်....အခြားသူဖြစ်နေတယ်...ပြီးတော့ အဲ့သူက ခွန်း ကို ချီတယ့်သူ...

ဒီဆေးရုံက အချို့ဆရာဝန်က Lord ရဲ့ ဆရာဝန်အဖွဲ့ကသူတွေပါ....တော်ဝင်မိသားစုရဲ့ ကိုယ်ပိုင်ဆရာဝန်
အဖွဲ့က ကြီးသည်။

တစ်ရက်ကို 5 ယောက် နှုန်းဖြင့် 7 ရက်ကို 35 ဦး
ဆေးရုံမျိုးစုံက အတော်ဆုံးဆရာဝန်တွေ...

အလှည့်လဲ မှန်ပြီး အရာအားလုံး ကွက်တိဖြစ်အောင် လုပ်ထားသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now