အပိုင်း (49) ZU

6.5K 77 4
                                    

အပိုင်း (49)

လသာဆောင်မှာ chaise lounge sofa မှာလှဲနေရင်း....ခွန်းကို ရင်ခွင်ထဲ ထည့်ထားသည့် Lord....

လမင်းကြီး ကို ငေးကြည့်နေမိသည်

ခွန်း က Lord ကို မော့ကြည့်ကာဖြင့်

"Lord...အခု ခွန်းတို့အခြေနေက ဘယ်မှာလဲ"

Lord က ဒီစကားကိုပဲပြောလိုက်သည်။

"ကိုယ် ခွန်းကို ချစ်တယ် "

"ချစ်တယ် Lord.....Lord က ခွန်း အပိုင်"

(ထမင်းစားပြီးပြီလာ...ရေသောက်နေတယ်)

Lord က ခွန်းရဲ့ နဖူးလေးကို
အနမ်းခြွေလိုက်သည်။
"ဟုတ်တယ်... ကိုယ်က မင်းအပိုင်..."

"ခွန်း ကလဲ Lord အပိုင်ပါ"

သူမခါးကို ဖက်ထားသည့် Lord ရဲ့ လက်ကို
ပိုဆုပ်ကိုင်လိုက်သည်။

လမင်းကိုကြည့်ရင်း ဒီကောင်မလေးကို
ရင်ခွင်ထဲ ထည့်ထားကာ...

ခွန်း မရှိတော့နေ့က ငါသေရင်သေ မသေရင်ရူးသွားလိမ့်မယ်...ငါ ခွန်း ကို နက်ရှိုင်းစွာ ချစ်နေမိပြီ။

ငါသူ့ကို ဟိန်းထက်အောင် အကြောင်းပြောရအုံးမယ်...သူသိရင် ငါ့ကို ထားသွားလောက်တယ်...အခုမှပြန်အဆင်ပြေယုံလေးကို သူသိသွားလို့မဖြစ်ဘူး...
အတတ်နိုင်ဆုံး လျို့ဝှက်ထားရမယ်....

"ခွန်း......နာနေ​သေးလား...ဒဏ်ရာတွေက"

"ဟင့်အင်း.....သက်သာသွားပါပြီ...."
Lord က ခွန်းကို ဖက်ထားရင်း...

"ကိုယ်ဘယ်တော့မှ မင်းအသားကိုနာကျင်အောင်
မလုပ်တော့ဘူး..."

တဂယ်ဆို ဒါမျိုးတွေက Moe Wanna Htet
ကြောင့်ဖြစ်ရတာ...သူက တမင်လုပ်တာ....Lord ကို မပြောတော့ဘူး....ငါ့ကြောင့်သူထပ်စိတ်ရှုပ်ရမှာ
မမြင်လိုဘူး...စကားလမ်းကြောင်း လွှဲလိုက်သည်။

"သီချင်းဆိုပြပါလား...."

"မဆိုပြဘူး......."

"ဘာလို့လဲ...."

"မဆိုချင်လို့ပေါ့....Lord ဆိုပြပါလား...."

ခွန်းက Lord ကို ငေးကြည့်ကာ...

"Lord သီချင်းဆိုပြပါလား.... ခွန်း ပန်းချီဆွဲမယ်..."
"ကိုယ် သီချင်းမဆိုတတ်ဘူး.....လို့ ထင်လား.."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Onde histórias criam vida. Descubra agora