အပိုင်း (60) ZU

7.4K 87 2
                                    

အပိုင်း (60)

ခွန်းက ကြားထဲကပဲ....အော်လိုက်တော့သည်။

"ရပ်ကြပါတော့...."

နှစ်ယောက်လုံး ရပ်သွားသည်။

"ကလေးလဲ မဟုတ်ဘဲ...ဘာလို့ ရန်ဖြစ်...
နေကြတာလဲ"

Lord က သူ့ချစ်သူလေးကို ကြည့်ကာ.....

"မရပါဘူး...ခွန်းပြော...ကိုယ့်ကိုဆွဲပေးတယ့်ပုံနဲ့...
သူ့ပုံဘယ်သူပိုလှလဲ"

ခွန်း က သူ့ချစ်သူကို ကြည့်ကာ.....

"သေချာပေါက် "Lord" က လှတာပေါ့"

Lord က မျက်ခုံးတစ်ဖက်ပင့်ပြကာ သူက
အတော်ဆုံးပေါ့....မာနကြီးစွာဖြင့် အပြုံးကြီးက....
ဂုဏ်ယူပြနေသည်။

"......"

လင်းသုတက မျက်မှောက်ကြုံကာ....ဖြင့် စိတ်ဆိုးသည်။

ခွန်း က မြင်တော့ မျက်နှာလေးမဲ့ကာ

"စိတ်မဆိုးပါနဲ့... သုတရယ်...နင့်စိတ်ဆိုးတော့....
ငါ့ရင်နာတာပေါ့"

"နင့်ကြည့်ရတာ အကောင်းကြီးပါနော်"

ချက်ချင်း ခွန်း က မျက်နှာလေးရှုံပြကာ

"လုပ်ပါအုံး.....နှလုံးမူးပြီး..ခေါင်းတွေအောင့်လာပြီ"

ပြောင်ချောချောလုပ်ပြတော့ သုတ က ပြုံးသွားသည်။
ဒီချစ်စရာကောင်မလေးကို ဘယ်သူက အကြာကြီးစိတ်ဆိုးနိုင်မှာလဲ။

"နင်ကတော့.....တဂယ်ပါပဲ.... "

အချင်းချင်းစိတ်ဆိုးပြေကာ....ရယ်ရယ်မောမော
ပြန်ဖြစ်သွားသည်။

"Lord ရော ကျွန်တော်နဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား"

"သေလိုက်...ငါသေနတ်ပေးမယ်"

ရှင်းရှင်းပဲ ပြောလိုက်သည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ညလေးရောက်တော့ ဆရာဝန်က သူတို့ကို
များ.....ကြည့် မရလို့လား....

အခုထိ ဖက်ခွင့်ကိုမရသေးဘူး...
အဲ့တော့လဲ.....

Lord က ခွန်း ရဲ့ လက်လေးကို ကိုင်ကာ
စကားပြောကြသည်။

သူတို့နှစ်ယောက်ကြား ပြောစရာတွေက အများကြီးပဲမလား....

"အဆင်ပြေသွားပြီလား....ခွန်း....နေရတာဘယ်လိုလဲ"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now