အပိုင်း (31)

7.2K 65 0
                                    

အပိုင်း (31)

"ငါမင်းကိုချစ်တယ် "

ခွန်း က ကြားလိုက်ပြီးခြင်း အေးစက်သွားကာ..
သေချာမရှင်းလို့နောက်တစ်ခေါက်ပြန်မေးမိသည်။

"Lord....Lord... ဘာပြောလိုက်တာလဲ"

Lord က ပုံမှန်အတိုင်းပဲ ပြန်ပြောသည်။

"ငါမင်းကိုချစ်တယ်... လို့ ​ပြောလိုက်တာလေ"

"Lord အခု ပြောတယ့်စကားရဲ့
အဓိပ္ပါယ်ကိုကောသိရဲ့လား..."

Lord က သူ့ကိုယ်သူ ပြန်စဥ်းစားသည်။
အချစ်ကို သိလား...ကိုယ့်ကိုယ်ကိုမေးရင်း...
မရေမရာပြန်ဖြေသည်။

"သိတယ် ....ထင်တယ်"
"အခု.. ခွန်းဆီက အဖြေတောင်းခံနေတာကိုရော
သိလား...ပြီး​တော့ ချစ်တာနဲ့ကြိုက်တာကလဲ...
လုံးဝမတူဘူးနော်...."

"ဘာကွာလဲ..."

"ကြိုက်တာက...ခွန်းရဲ့အလှကို Sex ကိစ္စတွေ အဲ့တာတွေကို ကြိုက်တာ...ခွန်းရဲ့အားသာချက်တွေကိုသဘောကျတာမျိုး...ချစ်တာ.က ခွန်းအားနည်းချက်တွေရော အားသာချက်တွေရော ဘာကိုမှ မမြင်ဘဲ
ခွန်းဘာတွေပဲ ဖြစ်နေပါစေ..အရာအားလုံး ကို
ခွင့်လွှတ် နားလည်ပေးတာကို ချစ်တယ်လို့ခေါ်တာ..."

"အော်....."

"အဲ့တော့...Lord က ခွန်းကို ကြိုက်တာလား..
ချစ်တာလား..."

"ချစ်တာ...."

"Lord ရူးသွားပြီ...ခွန်းအခုထိ Lord က ခွန်းကို ချစ်တယ်ဆိုတယ့် အရိပ်တောင်မမြင်မိဘူး"

"အချစ်က မြင်ရလို့လား..."

"မမြင်ရဘူးလေ..."

"ဒါဆို လူတစ်ယောက်နဲ့
တစ်ယောက်အချစ်ရဲ့ခံယူချက်နဲ့...ချစ်ပုံချစ်နည်းရောတူလား.."

"မတူဘူး..."

"ဒါဆို မင်း ဘယ်လိုလုပ် ငါ့အချစ်ကို မြင်မှာလဲ..
မြင်စရာအကြောင်းပါလို့လား..."

"........."

ခွန်း ခေါင်းရှုပ်သွားသည်။

Lord က သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် ဖုန်းခေါ်ကာ
ခွန်းရဲ့ ပန်းချီ ပစ္စည်း တွေကို ယူလာခိုင်းသည်။

စကားကိုတမင်ဖြတ်လိုက်သည့် Lord
"ညကြရင် မှောင်သွားလိမ့်မယ်...နေဝင်ချိန်လေးဆွဲရင်ကော.."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now