အပိုင်း (29)

7.3K 72 0
                                    

အပိုင်း (29)

မနက်ခင်း အလင်းဝယ်....ခွန်း နိုးလာခဲ့သည်။

ဒါပေမယ့်.... ခါးမှာတစ်ခုခု ခံစားမိလိုက်သည်။

သူမကို ဖတ်ထားသည့် Lord ရဲ့ လက်တံရှည်တစ်စုံ

ခွန်း က လှည့်ကြည့်လိုက်ချိန်.....

"Lord......"

ဒါပထမဆုံးအကြိမ် အတူအိပ်ပြီး အတူ
နိုးထခွင့်ရတာပဲ....တစ်ခါကျတော့ အတူ
မအိပ်ပေမယ့် နိုးတော့မြင်ရသည်။ အများဆုံးက အမြဲ အတူ အိပ်ပြီး အတူနိုးထခွင့်မရခဲ့ဘူး...

ဒါပထမဆုံးအကြိမ်ပဲ....Lord က အရမ်းချောတာပဲ

"ချောလိုက်တာ...... "

ခွန်းက သူ့လက်ညိုးလေးကိုအသုံးပြုကာ Lord ရဲ့ နဖူးလေးကနေစပြီး ထိကာ မျက်လုံးလေး နှာတံလေး ထိရင်း နှုတ်ခမ်းသားကို ထိလိုက်ချိန်

Lord က ခွန်း ရဲ့ လက်ညိုး ကို
သူ့နှုတ်ခမ်းသားလေးနှင့်ဖမ်းယူလိုက်သည်။

Lord ရဲ့ မျက်ဝန်း တွေက ပွင့်လာခဲ့သည်။

"ဘယ်လိုလဲ ကြည့်လို့ဝရဲ့လား...."

ခွန်း မျက်နှာလေးက ရဲတတ်လာကာ....

"Lord.....ဟို...ကြားသွားလား...ဘယ်ချိန်ထဲကနိုးနေတာလဲ..."

သူ့ဟာသူမေး အဖြေကို မစောင့်ဘဲ ခြုံထားသည့်စောင်ထဲ ဝင်သွားသည်။

Lord က ပြုံးလိုက်မိ၏။ Lord လဲ သူလေးနဲ့တွေ့မှ အရယ်အပြုံးတွေ ဖြစ်လာတော့သည်။
"ထွက်ခဲ့.... ခွန်း...."

"မထွက်ဘူး....."

"ပြောစကားဘာလို့ နားမထောင်တာလဲ...ထွက်ခဲ့ "

"ကလေး လို့ ခေါ်ရင်ထွက်ခဲ့မယ်..."

Lord က ကြောင်သွားသည်။ သူနှုတ်ခမ်းက ထွက်သမျှက ဒါမျိုးတွေမရှိဘူး...ခွန်း တစ်ယောက် ကိုပဲ ခွန်း လို့ခေါ်ခဲ့တာ....ဒါတောင် မင်း နဲ့ ငါ ပိုသုံးတယ်..

"ခွန်း.....ထွက်ခဲ့နော်"

"ကလေး လို့ ခေါ်....."

Lord က မျက်လုံးစုံမှိတ်ကာ
ပထမဆုံး အကြိမ် သူ့ကို အမိန့်ပေးသူ။

"ကလေး....ထွက်ခဲ့...."

ခွန်း က စောင်ထဲက ထွက်လာခဲ့သည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Donde viven las historias. Descúbrelo ahora