အပိုင်း (44) ZU

6.6K 69 0
                                    

အပိုင်း (44)

ခွန်း မနက်ကထဲ ရှာနေတာ ဖုန်းမတွေ့ဘူး...
ဖုန်းဘယ်ပျောက်သွားတာလဲ

Lord က အဝတ်အစားလှဲ ပြီး
အခန်းထဲကထွက်လာသည်။

"ခွန်း.....ဘာရှာနေတာလဲ"

"ဖုန်း....ပျောက်သွားလို့...."

"အသစ်ဝယ်လိုက်လေ....အစကတည်းက
ကိုယ်မင်းဖုန်းကို လဲစေချင်နေတာ...
ရှာမနေနဲ့...အသစ်ဝယ်လိုက်...."

"ဟုတ်ကဲ့.... Lord..."

ဒါဆို ကိုဟိန်း နိပါတ်ကို ငါမှ အလွတ်မရတာ..

သွားပါပြီ.... ကိုဟိန်းကို ပန်းချီကို မျက်နှာချင်းဆိုင် ပေးချင်တာ...သူမကို စောင့်ရှောက်ပေးခဲ့
တာအတွက် ကျေးဇူးတင်ချင်တယ်......

~~~~~~~~~♥♥♥♥♥~~~~~~~~~~

Moe Wanna Htet ဆီမှာ ခွန်းရဲ့ ဖုန်းရောက်
လာသည်။

သူမက အကုန်စုံစမ်းပြီးပြီ...ပန်းချီထဲက သူအကြောင်းက...ဟိန်းထက်အောင်....ခွန်းဘေးမှာရှိနေတယ့်သူ...သူအရင်ကလဲ သိပြီးသားပါ...

ခွန်း နဲ့ ဟိန်းထက်အောင် စာပို့သမျှ အကုန်ဖတ်လိုက်သည်။

"ဘာ....ကိုဟိန်း နဲ့ အပြင်မှာ တစ်နေ့တွေ့ရင် ခွန်းဆွဲထားတယ့် ပန်းချီ လက်ဆောင်ပေးမယ်...တယ့်လား...ဒါ....ငါမြင်ခဲ့တယ့်ဟာပဲ...."

သူမမြင်ခဲ့တယ့် ဟိန်းထက်အောင် ပန်းချီကားကိုပါ။

Moe Wanna Htet က ဟိန်းထက်အောင်ဆီ စာပို့သည်။

"ကိုဟိန်း...ညီမ လူတစ်ယောက်လွှတ်လိုက်မယ်....
ကိုဟိန်း..ရဲတိုက်ကို ဝင်လို့ရအောင်...ကိုဟိန်း နဲ့
တွေ့ချင်တယ်... ပန်းချီကားလေးပေးချင်လို့...Lord...မရှိဘူး....."

ဟိန်းထက်အောင် က လဲ ခွန်းကို တွေ့ချင်တာ
နဲ့ လက်ခံလိုက်သည်။

ည...8 နာရီ ဥယာဥ်ထဲမှာ တွေ့ဖို့ ချိန်းကြသည်။

ခွန်း က ပန်းချီဆွဲနေချိန်...ခွန်းအတွက် အသီးခွဲ
ပြီး လာချပေးသည့် အိမ်အကူမလေး ပြီးတော့
စာတစ်ဆောင်လဲပါသည်။

ခွန်းကတွေ့တော့ စာအိတ်ပြင်ပမှာ...ကိုဟိန်း လို့
မြင်လိုက်သည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now