အပိုင်း (72)

6.9K 75 0
                                    

အပိုင်း (72)

ခွန်း လဲ ချက်ချင်း ထိုနေရာကနေ ပြေးသွားသည်။

လှေကားထစ်တွေဆီပြေးဆင်းလာသည်။

ဆူးက အခြေနေသိချင်လို့ ခွန်း ဆီ သွားဖို့
တတ်လာရင်း..

ဆင်းပြေးလာသည့် ခွန်းကို မြင်တော့ ဆူးက ခွန်း
ကို ပြေးဆွဲလိုက်ကာ...

"သတိထား...ချော်ကျမယ်...ခွန်း ဘာဖြစ်လို့လဲ.... ခွန်း..."

"Lord...ခွန်းကို မချစ်တော့ဘူး... မချစ်တော့ဘူး... အီး...ဟီး...အဟင့်...ဟင့်"

ကလေးက ကလေးလို ငိုနေတော့သည်။

ဆူးက ခွန်း မျက်ရည် တွေသုတ်ပေးရင်း...ဆူးတစ်ယောက်ဖတ်ထားကာ.....နှစ်သိမ့်ပေးသည်။

"အကို မချစ်ရင်နေ ဆူးချစ်မယ်....လာ...ဆူးနဲ့
သွားအိပ်မယ်...အဲ့အဘိုးကြီးထားခဲ့...."

ဆူး က ခွန်းကို ခေါ်သွားသည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

တစ်နာရီ ကြာသော်အခါ Lord က သူ့အခန်းထဲက ကောင်မလေးတွေကို အပြင်ထွက်ခိုင်းလေသည်။

Lord က ခွန်း ကို ရှာတော့မတွေ့ချေ။

"ခွန်း ဘယ်ရောက်သွားတာလဲ..."

Lord က သူ့လက်ထောက်ကို မေးသည်။

Lord လက်ထောက်က ဖုန်းတစ်ချက်ခေါ်ပြီးနောက်..

"မမလေး က သခင်မလေး နဲ့ အိပ်နေပါတယ်"
"ဒါဆို...ငါက တစ်ယောက်တည်း အိပ်ရမှာလား "

ကိုယ့်ကိုယ်ကို ပြောရင်း Lord က သူ့လက်ထောက်ဆီ ဒီအတိုင်း မျက်လုံး ရောက်သွားတာပါ..

ဒါကို Lord လက်ထောက်က

"Lord ကျွန်တော် အဲ့လို လူမဟုတ်ဘူး...ကျွန်တော် Lord နဲ့မအိပ်ဘူးနော်"

"မင်း...လီးစကား လာပြောနေတာလား..ငါက..လီးမို့လို့မင်းနဲ့အိပ်ရမှာလား...ထွက်သွား... စောက်ရေးမပါတာ..."

Lord က ဆံနွယ်တွေပင့်သပ်ကာ

"ငါဒီအကောင်ကို ဘာလို့လက်ထောက်
ခန့်မိတာပါလိမ့်"

Lord တစ်ယောက် အခန်းထဲ ပြန်ဝင်သွားကာ
အခန်းတံခါးကိုလဲ ဆောက်ပိတ်လိုက်သည်။
အခန်းကျယ်ကြီးထဲ တစ်ယောက် ထဲ အထီးကျန်စွာဖြင့်....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now