အပိုင်း (78)

6.1K 77 1
                                    

အပိုင်း (78)

ခွန်းထင်တာက ခွန်းသာ Lord ဇနီးဖြစ်ခွင့်ရရင်
အရာအားလုံးဟာ အဆင်ပြေသွားလိမ့်မယ်
ထင်ခဲ့မိတာ..

တဂယ့်လက်တွေ့မှာတော့....

ခွန်း ရဲ့ အရှေ့မှာ တွေ့မြင်နေရသည့် လူလေးယောက်

"သူတို့က.....ဘယ်သူတွေလဲ...."

နှင်းစက် က ခွန်း ကိုရှင်းပြသည်။

"မကြာမှီ မမလေး.က Goddess အဖြစ်ရောက်တော့မှာ ဒါကြောင့် Goddess တစ်ယောက်မှာ ရှိသင့်တယ် အရည်ချင်းတွေကို သင်ပေးမယ့်သူတွေပါ.."

ခွန်း က နှင်းစက်နားသို့ကပ်ကာ တိုးတိုးလေးမေးသည်။
"လိုလို့လား....."
နှင်းစက် က တိုးတိုးလေးပြန်ဖြေသည်။
"..လိုတာပေါ့..."

ခွန်း မျက်နှာက မချိုမချဥ် ဖြင့်...

တစ်ယောက်ချင်းစီ မိတ်ဆက်ပေးသည်။

"မမလေးက ဆရာတွေ နာမည်သိစရာမလိုပါဘူး..

ပထမတစ်ယောက်က အပြောအဆိုနဲ့ယဥ်ကျေးမှုပိုင်းဆိုင်ရာ အသွားအလာ အနေထိုင်သင်ကြားပေးမယ့်သူပါ..

(ငါ့အနေထိုင်က ဘာဖြစ်နေလို့လဲ )

ဒုတိယ တစ်ယောက်က တော်ဝင် အက သင်ကြားပေးမယ်သူပါ

(ငါ ကတတ်တယ်လေ...လိုလို့လား...Lord ခြေထောက်ပေါ်တတ် က ရင် ရပြီမလား)

တတိယ တစ်ယောက်က Goddess ရဲ့ စည်းကမ်းတွေ ဦးဆောင်ရမယ့် တာဝန်တွေ အကြောင်းသင်ပေးမယ့်သူပါ

(ငါက Lord ဇနီးလေ..ဘုရင်မ မှမဟုတ်တ )

စတုတ္ထ တစ်ယောက်က English  ဘာသာစကားသင်ကြားပေးမယ့်သူပါ....

(ငါ တတ်နေတာကြာရောပေါ့)

ခွန်း တစ်ယောက် စိတ်ထဲ ကခွန်းတုံ့ပြန်ပြီးနောက်

မျက်နှာလေးမှိုင်ကာဖြင့် "လုပ်နိုင်ပါ့မလား"

"မမလေး ရမှာပါ...."

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ပထမနေ့ ကို ရောက်ပါပြီ....

ပထမသင်ခန်းစာ...ကို စသင်ရသည်။

"စကားပြောရင် ကိုယ်ရဲ့ အကူတွေကို မမ လို့မသုံးရပါဘူး...."

"ဘာလို့လဲ...သူတို့က ခွန်းထက်အသက်ကြီးတယ်လေ....ခွန်းကို ငရဲရောက်စေချင်တာလား.."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now