part-2

25.6K 1.6K 5
                                    

မှောင်မိုက်သော အခန်းငယ်များအတွင်းမှ တောက်ပသော ရွှေအိုရောင်နေ့ရက်များကို မွေးဖွားရာနေရာတစ်ခုဖြစ်သော Defulo၏ အနီရောင်လူသား သွေးမျိုးဆက် မပြတ်အောင် ဖန်တီးယူရမည့်နေ့ထူးကြီးဖြစ်သည်... ဒီနေ့မှာ သန္ဓေတည်သူတွေဟာ မွေးဖွားလာလျှင် သွေးသန္ဓေသားအနေနဲ့ သားဦးအိမ်တော်သခင်များ ဖြစ်လာမည်... အထူးသဖြင့် Shouyu အိမ်တော်ကြီးများဖြစ်သည်... အိမ်တော်ကြီးများအတွက် သားဦးသွေးသန္ဓေဖြစ်သော အိမ်တော်သခင်မျိုးဆက်များသည် အထူးအရေးကြီး၏... အိမ်တော်ကိုဦးဆောင်ဖို့ရာ သားဦးသည် အနီရောင်သွေးသန္ဓေဖြစ်ဖို့ လိုအပ်သည်...

ထို့အပြင် သင်သည်အနီရောင်သွေးသန္ဓေသားဖြစ်ပါက အသက်နှစ်ဆယ့်ရှစ်နှစ်မတိုင်ခင် အချိန်နောက်ဆုံးထား၍ နိုင်ငံပိုင်သန္ဓေခွန်အနေနဲ့ ကလေးယူပေးရမည်.. ထို့ကြောင့် ချစ်သူခင်သူများရှိနေပါက မိမိအသက် နှစ်ဆယ့်ရှစ်မတိုင်ခင်မှာ သန္ဓေယူနိုင်စေဖို့ အသင့်ပြင်ခိုင်ထားရမည်... မဟုတ်လျှင် ရှုပ်ထွေးသော ပြဿနာနှင့် ပြစ်ဒဏ်များကို ရင်ဆိုင်ရမည်... ဥပမာ အခြားတစ်ယောက်နှင့် လက်ထပ်၍ ကလေးယူစေခြင်းဖြစ်သည်

ထို့ကြောင့် သန္ဓေယူဖို့ အားအင်မပြည့်စုံသေးသော Xi ဟာဘုရင်ကို အရိုအသေပေးပြီး Shouyu Pacilo အိမ်တော်အတွက် သတ်မှတ်ပေးထားသော သန္တာရောင်မွှေးပွပေါ်မှာ Seishoနှင့်အတူတူထိုင်သောအခါ Xiဟာ မျက်နှာညှိုးနေတယ်

ဘေးဘီ၌ Xiအား တွတ်တီတွတ်တီ ပြောနေသူများသာ ပြည့်နေသည် ---

"Xiကအားအင်ရှိပါ့မလား... သွေးလုံလောက်မှုမရှိရင် သေဆုံးလိမ့်မယ်လေ... Seisho သန္ဓေမအောင်ရင် ဘယ်လိုလုပ်မလဲ"

"သူ့အကြောင်းမသိလို့လား... ဘာမဆိုမဖြစ်ဖြစ်အောင် ဖန်တီးယူမှာပေါ့... အဓိက က သွေးပဲလိုတာကို"

"Seisho က Xi ကို အယောင်ပြပြီး သူ့သွေးတွေချည်းသုံးမယ်လို့ ဆိုတာလား??... အဲ့လိုလုပ်တာ အန္တရာယ်များတယ်"

"မသိဘူး သတင်းတွေက ဒီလိုပဲပြန့်နေတာ.. အကုန်သိနေတာပဲ... နှစ်ဦး နှစ်ဖက် သွေးညီညီမျှမျှ မပေးနိုင်ရင် ကလေးမှာ ပုံမမှန်ပဲ မွေးဖွားလာလိမ့်မယ်"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now