part-23

10K 1K 17
                                    


Baku ကို မနက်မိုးလင်းတော့ မနက်စာ စားဖို့ Moshi က လာခေါ်တယ်

Moshi ဟာ Baku လေးကို လိုလေသေးမရှိအောင် အာရုံစိုက်ပေးနေသူပါ

Moshi အခန်းထဲဝင်လာတဲ့ အခါ အစေခံများက Baku ကို ပြင်ဆင်ပေးနေကြတယ်

မျက်နှာကိုလည်း အမွှေးရနံ့များပါသည့် အလှဆီများကအစ လိမ်းပေးနေကြပြီး အကျီအဝတ်အစားလည်း ဂရုတစ်စိုက် ဝတ်ဆင်ပေးနေသဖြင့် Baku ဟာ နေရခက်နေတယ်

ဖြစ်နိုင်ရင် အကျီလေးတော့ ကိုယ့်ဟာ ကိုယ်ဝတ်ချင်ပါတယ်

Baku ကို သပ်ရပ်စွာ ဝတ်ဆင်ထားသော အစေလေးများက Asho ၏ အကျီလဲခန်းကို လိုက်ပို့ပေးတယ်

Baku ဟာ သူတို့အနောက်က လိုက်ရင်း အိမ်တော်ကြီးကို လှည့်ပတ်ကြည့်နေတယ်

အိမ်တော်ကြီးဟာ နန်းတော်ကြီးလောက် ကျယ်ဝန်းပြီး Asho အတွက်ပေးထားသော အစေခံများဟာ နတ်သားလေးများလို ချောမောပြေပြစ်ကြပါတယ်

အဖြူနှင့် အပြာစပ်ထားသော အစေခံဝတ်ရုံလွှာလေးများဟာ သူတို့ကိုယ်ပေါ်က ဖြူစင်သော အသားအရေလေးများကြောင့် ပန်းပွင့်လေးများလိုပါပဲ

Baku ဟာ သူတို့အနောက်က လိုက်လာပြီး တွေးနေရှာတယ်

Pacilo မှာ အကယ်၍ သူသာ အစေခံဖြစ်ခဲ့မည်ဆိုလျှင် ရုပ်အဆိုးဆုံး အစေခံလေး ဖြစ်နေလိမ့်မည် ထင်သည်

ထပ်ပြီး Asho နဲ့ ယှဉ်လိုက်လျှင် Baku ဆိုသူသော မိမိဟာ ပိုပြီး အရုပ်ဆိုးသူလေး ဖြစ်သွားမှာပေါ့---

တွေးချင်ရာ တွေးပြီး ငေးချင်ရာ ငေးကာ Baku လေး အစေခံသုံးယောက်၏ အလယ်မှ လိုက်လာရင်း Asho ၏ အခန်းသို့ ရောက်လာမှန်းတောင် မသိရ

"ရောက်ပါပြီ ~~ Baku လေး~~"

"ကျေးဇူးတင်ပါတယ်~~"
"Baku က အခန်းမသိလို့ပါ~~"

ထောင်ပေါင်းများစွာသော တူညီအခန်းတွေကြားမှာ Baku လေးဟာ ရွာလည်နေတယ်

"ရပါတယ်~~ ကြင်ယာတော်လေး~~
"ဒါက ကျွန်တော်တို့ အလုပ်ပါ

ကြင်ယာတော်လေး ~~ ဟု သူ့ကို ခေါ်သော အခါ Baku ဟာ ပါးလေးတွေ နီလာတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now