part-45

9.2K 967 29
                                    

Maku မြင်ရသလောက်သော Jim ရဲ့ မျက်လုံးတွေဟာ Asho ရင်ခွင်ထဲက Seriဆီမှ မခွာပါ

Jim Seriကို မြင်သည်နှင့် မျက်လုံးမခွာနိုင်ဘူးနှင့်တူသည်

သူ့အခန်း ဝရံတာပေါ်ကနေ ထိုင်ခုံလေးနဲ့ ထိုင်ကြည့်နေတယ်

အရမ်းလှသော အစေခံလေးဟာ လရောင်အောက်ပန်းလေးလိုပဲ သူ့စိတ်ကို ဖမ်းစားခဲ့ပြီး Jim ဟာ ဟိုးကတည်း Seriကို အဲ့လိုလှမ်းကြည့်နေရတာကို သဘောကျခဲ့ပါသည်

မြင်ကွင်းအောက်က လှပတဲ့အရာတွေထဲ Seriဟာ Ashoနဲ့ သူ့ကို Jim လှမ်းကြည့်နေတာမြင်တော့ ပထမဦးဆုံးနဲ့ နောက်ဆုံး Jimကို ပြုံးပြခဲ့ဖူးသည် ညလေးဖြစ်ပါသည်

Jim ပြန်ပြုံးပြခဲ့သည်
တစ်စုံတစ်ရာ ရည်ရွယ်ချက်များ သူ့မှာမရှိပါ

တစ်ခါမှ မမြင်ဖူးခဲ့သော ထူးဆန်းသည့် ရွှေရောင်ဆံပင်လေးများနှင့် အလွန်လှနေသဖြင့် မျက်လုံးမခွာချင်ဘဲ ထိုင်ကြည့်နေမိခြင်းသာ

ထို့အပြင် Jimဆိုသော နန်းတတ်မင်းသားဖြစ်သည့် မိမိဟာ လှပသောအရာလေးများ တည်ရှိနေခြင်းကို ထိုကဲ့သို့ အဝေးက လှမ်းကြည့်နေရခြင်းအား သဘောကျတတ်သည့် အကျင့်ရှိပါသည်

အေးမြသော မနက်ခင်း၏ တောတောင်နှင့် လပြည့်ည၏ အပြာရောင် စက်ဝန်းများကို တိတ်ဆိတ်စွာ ငေးနေရခြင်းအား ချစ်မြတ်နိုးတတ်ပါသည်

Ashoနဲ့ Seriကို မြင်နေရခြင်းက တစ်ယောက်တည်း ဖြစ်နေသည့် မိမိအား အထီးကျန်စေပါသည်

သူ့ဖခင် ကြင်ယာတော်ကြီးက သူနန်းတတ်လျှင် ကြင်ယာတော်ရှာပေးမည်ဟု ပြောထားသည်

Jim မှာ ကြင်ယာတော်ရှာရမည့် အချိန်များလည်း မရှိသလို နှလုံးသားကို လှုပ်ခတ်စေမည့်အရာလည်း စက်ရုပ်လို နန်းတတ်မင်းသား မိမိမှာ ရှိလာလိမ့်မည်မထင်ပါ

သူအဖေ Siaလို ရှာပေးတာကိုပဲယူပြီး နန်းတတ်ရမည်ဟုသာ အတွေးထဲမှာရှိသည်

သို့သော် Seriကို မြင်သောအခါ သူအရမ်းသဘောကျမိပါသည်

အနာဂတ်မှာလည်း ထိုကဲ့သို Seri၏ ရွှေရောင်ဆံပင်လေးများကို အချိန်တိုင်း ထိုင်ကြည့်ခွင့်ရခဲ့လျှင် ကောင်းမည်ဟု မျှော်လင့်မိသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now