part-8

11K 1K 0
                                    


"ခဏ!!"

Seri ရုတ်​တရက်​အနောက်ကနေ ပြေးလိုက်လာတဲ့ အသံကြားလိုက်ရတယ်

မိုးရေစက်တွေကျဆင်းနေသော တံစက်မြိတ်အောက်ကနေ Seri ပြန်​လှည့်ကြည့်​လိုက်တယ်

ခုနက မျက်လုံးပြူးပြူးနဲ့ ကောင်လေး----

"ခဏ​လေးပါ:::"

Seri Asho အနောက်ကို လိုက်နေရင်း မတ်တပ်ရပ်ပြီး ပြန်​မေးလိုက်တယ်

"ကိစ္စရှိလို့လား"

မောပန်းစွာ အသက်ရှုနေသော ကောင်လေး-- Moni

အမောပြေသွားတော့ Moni ဟာ သူ့ခေါင်းထက်က Seri ကို ပြန်​ပြီး အရိုအ​သေ​ပေးတယ်​

ထို့​နောက်​Seri မျက်နှာပေါ်က လှပ​သော​ရွှေရောင်ဆံပင်တွေကို​မော့ကြည့်လိုက်တယ်

"ဟိုဟာ--"
"ခုနက လူက သန့်​စင်​သူကို လာရှာတာလား??"

"inm"
"ဘာဖြစ်​လို့လဲ"

" ဟိုဟာ -- Baku ကိုရှာ​နေတာလား"

"Baku??"

"onm"
"Baku ကို မနေ့က လာဝယ်မယ့်သူ ရှိတယ်ဆိုပြီး "
"အချုပ်ထဲထည့်ထားလို့----မေးကြည့်တာပါ"

"အချုပ်ထဲမှာ----"

"imnm!!!"
"သန့်​စင်​သူ ထိန်းသိမ်းခံ လူတန်းစား တစ်ယောက် ရှိပါတယ်"
"သူ့ကို ဘယ်သူမှ မမြင်အောင် သီးသန့်ဖယ်ထုတ်ထားတာပါ"

"ကျစ်!!"

Seri အထဲကို ချက်ချင်း ပြန်ပြေးဝင်သွားတယ်--

Moni အနောက်ကနေ အလန့်​တကြား ပြေးလိုက်လာမိတယ်

××××××

Seri ရုံးခန်းထဲကို ပြေးဝင်ပြီး ခါးကြားက သေနတ်ကို ဆွဲထုတ်လိုက်တယ်

Moni မျက်လုံးပြူးသွားမိတယ်

ရွှေရောင် ဆံပင်နဲ့ ရုတ်တရက် ပြေးဝင်လာသော အနက်ရောင် လူကြောင့် အရာအားလုံးလည်း ရုတ်ရုတ်သည်းသည်းဖြစ်သွားတယ်

ထိုအတူ ကျောက်စိမ်းရောင် ဝတ်စုံ ခြုံထားသော Asho ရဲ့ အိမ်တော် ထိန်း moshi ကို တည်ငြိမ်စွာ ထိုင်နေတာ Seri တွေ့လိုက်ရတယ်

Seri Moshi ကိုအော်လိုက်တယ်

"အခု ချက်ချင်း မြေအောက်ခန်းက ဖွက်ထားတဲ့ သူကို ထုတ်ခိုင်းလိုက်​!!"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now