Part-55

9.8K 1.1K 25
                                    


Nani ကြင်​ယာ​တော်​ကြီး Aitaထံ တိတ်​ဆိတ်​စွာ​ရောက်​လာသည်​

ကြင်​ယာ​တော်​ကြီးဟာ အိပ်​ဆောင်​အတွင်းမှ ဝတ်​ရုံ​တော်​တို့ ခြုံလွှမ်းကာ ဆင်းလာသည်​

သလင်း​ကျောက်​လို ကြည်​စိမ်း​နေ​သော​ခြေဖျား​လေးများဟာ ခန့်​ညား​သော ကိုယ်​ထည်​ကို သယ်​ဆောင်​ပြီး​ရွှေ​ရောင်​လှေကားများ​ပေါ်က ညင်​သာစွာ​ဆင်းသက်​လာသည်​

"ကြင်​ယာ​တော်​ကြီးး~~"
"Bakuရဲ့ ကြင်​ယာထိန်းNaniက အ​ရေးတကြီး တင်​ပြစရာရှိလို့ပါတဲ့"

"အထဲဝင်​ခိုင်းလိုက်​"

"ဟုတ်​ကဲ့"

×××××

များမကြာမှီ~~~~

ကြင်​ယာကြီး၏ အလျင်​လို​နေ​သော​ခြေလှမ်းကြဲများနှင့်​ဒေါသမာန်​အပြည့်​ဖြစ်​နေ​သော မျက်​နှာတို့ကို မြင်​ရသည်​

ကြင်​ယာကြီး​ရောက်​လာ​သောအခါ Baku အား ပွပြဲ​နေ​သော စာရွက်​ဖြူများနှင့်​စုတ်​ဆေးများကြား မြင်​သည်​

Baku ဟာ ပင်​လယ်​လိုကျယ်​သော အနက်​ရောင်​ရေပြင်​လို​ရောင်​ပြန်​နေသည့်​ဖန်​သားစားပွဲကြီး​ပေါ်တွင်​ခွေ​ခွေ​လေး တက်​အိပ်​နေပါသည်​

လက်​ထဲ၌လည်း မင်​မည်းတို့​ပေ​နေ​သော စုတ်​တံအား ကိုင်​ထားပြီး​ခြေ​ထောက်​လေး တစ်​ဖက်​ဟာ စားပွဲ​အောက်​ပြုတ်​ကျ​နေသည်​

ကြင်​ယာကြီးAitaဟာ သန့်​စင်​သော ကိုယ်​သင်းရနံ့တို့နှင့်​အတူ Bakuအနားသို့ ဖြည်းညင်းစွာ ကပ်​သွားခဲ့သည်​

"Baku ဆွဲထားတဲ့ ပုံလိပ်​ပါ~~~"

"ဒါက​တော့​ရေးခိုင်းထားတဲ့ စာရွက်​ရေပါ"
"တစ်​ရာ​တောင်​မပြည့်​သေးပါဘူး ကြင်​ယာ​တော်​ကြီး"

Aita ယူကြည့်​လိုက်​သည်​

ပုံလည်းဆွဲရ​သေး စာလည်း​ရေးရ​သေးမို့ Baku၏ အိပ်​ချင်​မူးတူး လက်​ရေး စုတ်​ဆေး​လေးများဟာ အ​တော်​အတန်​ပင်​မ​သေသပ်​လှပါ

Aita ဖြည်းညင်းစွာ ပြန်​ချပြီး အ​စေခံလက်​ထဲက ပုံ​လေးကို ဖြန့်​ကြည့်​လိုက်​သည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now