part-37

9.5K 1.1K 49
                                    

Asho ပူနွေးနေသော ခန္ဓာကိုယ်အထိအတွေ့ကြောင့် နာကျင်ကိုက်ခဲစွာ နိုးထလာပါသည်

"inm~~~

Asho လေးလံလှသော မျက်လုံးတို့အား အားတင်း၍ဖွင့်ပြီး ကုတင်ပေါ်၌ထထိုင်လိုက်သည်

ခေါင်းအထက်၌ လှပသောမီးဆိုင်း မျက်နှာကျက်များနှင့် တန်ဖိုးကြီး ကတ္တီပါကော်ဇော်လိပ်တို့ လှပစုံလင်စွာ ခင်းကျင်းထားသော နေရာဖြစ်သည်

"ငါ ဘယ်ရောက်နေတာလဲ..."

အခန်းဟာ အဖိုးတန် ဆင်ယင်မှုများကြောင့် တောက်ပစွာနှင့် အရောင်စုံ ရှုပ်ယှက်ခတ်နေသလိုပင် ရှိလှသည်

အတော်အသင့်ထက်ပိုသော ထည်ဝါမှုရှိသည်

"ငါ ဘယ်ရောက်နေတာလဲ~~"

လေလံ ပူနွေးနေသော လေပူတစ်ခုကို ခြောက်သွေ့နေသော လည်ချောင်းထဲမှ မောပန်းစွာ ရှုှုထုတ်ရင်း Asho ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေမိတယ်

ရွှေပိုးချည်အစစ်များဖြင့် ယက်လုပ်ထားသော နွေးထွေးလှသည့် ဂွမ်းစောင်အား သူ့ကိုယ်ပေါ်သို့ ခြုံလွှမ်းပေးထားပါသည်

Asho Bakuကို ရှာလိုက်မိသည်

"Baku:::: ရော:::"

မှေးမှိန်နေသော မျက်ဝန်းလေးလေးလံလံများကို အားယူပြီးဖွင့်ကာ Bakuကို Asho ရှာရန် ကြိုးစားလိုက်မိပါတယ်

သူ့ရဲ့ ချစ်ခင်ရသော ကြင်ယာတော်လေး ဘယ်ကမ္ဘာရောက်နေပြီလဲ??

Asho စိုးရိမ်စွာ Bakuအား ရှာဖွေရန် ကုတင်ပေါ်ကဆင်းဖို့ စောင်ဆွဲလှန်လိုက်သည်

Baku ဟာ သူ့အနားမှာ အိပ်ပျော်နေသည်

Asho သက်ပြင်းချလိုက်မိသည်

"ah~~ Baku~~"

Bakuဟာ သေးငယ်လွန်းလို့ စောင်အုပ်ပြီး စောင်အောက်၌ ခွေခွေလေး အိပ်နေပါသည်

Baku ဟာ ညဝတ်အကျီ အဖြူလေးနဲ့ Asho ဘေးမှာ အိပ်ပျော်နေ၏

Ashoဟာ Baku အနားကို ချက်ချင်းကပ်ပြီး ရင်ခွင်ထဲမှာ ဆွဲဖက်ထားလိုက်သည်

ပူနွေးနေသော Baku ၏ ပါးပြင်လေးများကို နှုတ်ခမ်းဖျားတို့နှင့် ပွတ်သပ်ရင်း Ashoဟာ Baku ကို ရင်ခွင်ထဲဖက်ကာ ခေတ္တ ငြိမ်နေမိ၏

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now