part-22

9.6K 1K 16
                                    

"မင်း သေဖို့ ပြင်ထား"

Seisho ကုတင်ပေါ်တတ်လာပြီး ရိုက်သောအခါ Asho အနောက်ဆုတ်ရင်း Baku အိပ်ယာခင်းလေးပေါ် ပိုးလို့ ပက်လက် ပြုတ်ကျသွားတယ်

"ar--

Bakuလေးကတော့ Asho ကို နာမှာစိုးလို့ အောက်ကနေ လှမ်းဖမ်းပေးထားတယ်

သို့ပေမယ့်လည်း Asho ဟာ Baku ထက် သုံးဆလောက်ကြီးနေတာမို့ Baku ဟာ နောက်ပြန်လေး ပက်လက်လန်သွားတယ်

"အင့်!!"

Asho ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းလေးတာမို့ Baku မခံနိုင်စွာ လက်ကလေးနဲ့ ပြန်တွန်းနေမိတယ်

မကြီးမငယ် ကလေးအပေါ် တတ်ဖိထားသလိုဖြစ်ပြီး Asho ဟာ Bakuရဲ့ စောင်ထုပ်ထဲမှာ ရောထွေးသွားတယ်

Bakuလေးဟာ သူ့အောက်မှာ ပြားပြားဝပ်နေတယ်

Asho ကပြာကယာ ပြန်ထ ထိုင်လိုက်ပြီး Baku ပေါ်က ဖယ်ပေးလိုက်တယ်

Asho ဟာ Seisho ကိုတော့ ကြောက်တတ်ပုံပင်--

Baku ၏စောင်လေးကို ဆွဲခြုံကာ Baku အနားကို ပြန်ကပ်နေတယ်

Seisho က ကုတင်ကို ပတ်ပြီး သူတို့နှစ်ယောက် အနားကို ပြန်ရောက်လာတယ်

Asho နဲ့ Baku ဟာ Seisho ကို အောက်ကနေ မော့ကြည့်နေတယ်

"မင်းကို ငါ ဘယ်နှခါပြောရမလဲ!!!"
"အထက်တန်းလွှာမှာ ကြင်ယာတော်ကို ဒီလိုလုပ်ရင် ဘာဖြစ်မယ်ဆိုတာ)))))"

"မင်းက မစားနိုင်မသောက်နိုင်တဲ့ အောက်တန်းလွှာလား!!!"

"ဘာမှ မလုပ်ရဘဲ အကုန်ပြီးပြည့်စုံနေတာကို နည်းနည်းလေးတောင် Baku ကို အချိန်ပေး ဂရုထားလိုက်လို့ မရဘူးလား)))"

Seisho အော်လိုက်တယ်

"အဲ့ဒါ တခြား သူမဟုတ်ဘူး နော်!!!!"
"မင်းကို သွေး သန္ဓေဆောင်ပေးရမယ့် သူ!!!!"

Seisho အော်သံကြောင့် Xi ပြေးလာတယ်

Xi ရောက်လာသော အခါ Asho နဲ့ Baku ဟာ ကြမ်းပြင်ပေါ်မှာ ညဝတ်အကျီ အဖြူလေးတွေနဲ့ Seisho ကို မော့ကြည့်နေတယ်

"ဟိုဟာ-- Ba-- Baku က သူ့ဟာ သူကုတင်ပေါ်က ပြုတ်ကျသွားတာ!!"

"ကျွန်တော် ဆင်းအိပ်ခိုင်းတာ မဟုတ်ဘူး!!"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now