part-60

10.8K 1.1K 21
                                    

Asho ငြိမ်သက်စွာ ကြင်ယာကြီးရှေ့မှာ ဒူးထောက်နေပါသည်

Aita သူ့လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး Asho မျက်နှာကို စိန်ပြေနပြေပင် ဖြတ်ရိုက်လိုက်သည်

အားမသေးသောကြောက့် ပူစိမ့်ပြီး လည်ထွက်သွားသော Asho၏ မျက်နှာနှင့်အတူ နားအုံပါအူသွား၏

လက်ငါးချောင်းရာဟာ ပါးပြင်ပေါ်၌ နီရဲသွားသည်

Asho မျက်နှာကို ပြန်လှည့်ပြီး ချက်ချင်း ပုံမှန်အတိုင်း နေလိုက်သည်

ကြင်ယာထိန်း Mamiနှင့် Naniဟာ Aitaအနားမှာ တိတ်ဆိတ်စွာ ထိုင်နေပါသည်

"တော်ဝင်ကြင်ယာကို နာကျင်အောင် လုပ်ရဲတယ်!"

"တောင်းပန်ပါတယ်~~"
"ကျွန်တော် မှားသွားပါတယ်~~"

"ဒါလေးတောင် ကောင်းအောင် သေချာမလုပ်နိုင်ဘူး!"

တော်ဝင် ကြင်ယာတော်သည် အထွတ်အမြတ် ရတနာဖြစ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်အောင် မလုပ်ရပါ

ထို့ကြောင့် ပုံမှန် တော်ဝင်ကြင်ယာတော်၏ ကြင်ယာဖက်သည် ကုတင်ပေါ်ကကိစ္စကြောင့် ကြင်ယာတော်ကြီးထံ၌ ခဏခဏ အရိုက်ခံလေ့ရှိသည်

Bakuလေး ဟာ အတူနေဖို့လွန်စွာ ငယ်ရွယ်သေးသည့်အတွက် Ashoဟာ တစ်လလောက် ကြင်ယာတော်ကြီးထံမှာ မနက်တိုင်း အရိုက်ခံရလိမ့်မည် ထင်သည်

ဆက်ဆက်အထိမခံ Ashoလေး Bakuကြောင့် နန်းတွင်းထဲမှာ အပိုးကျိုးနေရှာသည်

ကြင်ယာထိန်း Naniကလည်း Baku၏ အကြောင်း ကိစ္စများအားလုံးကို စောင့်ကြည့်နေမှာပါ

Ashoဟာ ချောင်းထဲ ကြပ်ထဲ လုံးဝရောက်ပါလေပြီ

Ashoကို ရိုက်ပြီးသောအခါ Aitaဟာ Ashoအား ပြောသည်

"Bakuကို နာကျင်စေသရွေ့ အိမ်ပြန်မခေါ်ရဘူး"

Asho ခေါင်းလေး မော့ကြည့်လိုက်မိသည်

ကြင်ယာကြီးဟာ Asho၏ မျက်လုံးများကို စိုက်ကြည့်နေသည်

Asho တစ်ခုခု ပြန် ပြောချင်ပုံပင်

Baku အသက်ငယ်သေးတာကို သူပြောချင်နေတာ Aita သိပါသည်

Asho စိတ်ထဲမှာလည်း လုံးဝကျေနပ်နေမည် မဟုတ်တာကို အားလုံးသိကြပါသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now