part-66

10.5K 994 26
                                    

မကြာခင်​Ashoဟာ Baku နဲ့ ကြင်​ယာကြီးထံ ပြန်​ရောက်​လာသည်​

Jim နဲ့ Seriက အနားမှာ ထိုင်​စောင့်​နေတယ်​

သူတို့နှစ်​ယောက်​အဆူခံလို့ ပြီး​တော့ Ashoတို့ အလှည့်​ရောက်​လာပြီ​ပေါ့

"မင်းတို့နှစ်​ယောက်​ပြန်​တော့~~"

"ဟုတ်​ကဲ့"

Jim ဟာ Seri လက်​ကို ဆွဲပြီး သုတ်​သုတ်​နဲ့ ထ မ​ပြေးရုံတမယ်​ထွက်​သွားသည်​

အ​ခြေအ​နေ သိပ်​မ​ကောင်း​သော​ကြောင့်​ရှောင်​ထားမှ​တော်​ကာကျမည်​

ကြင်​ယာကြီး အနားမှ Sia က က​လေးနှစ်​ကောင်​ဖရိုဖရဲနှင့်​ငုတ်​တုတ်​ထိုင်​နေ​သော ပုံစံအား မျက်​နှာပူစွာ ကြည့်​နေသည်​

ဘယ်​လိုဆူရမလဲ​တောင်​မသိ​တော့​ပေ
ငိုရမလိုလို ရယ်​ရမလိုလို

ကြားလို့လည်း မ​ကောင်း!!

ရုတ်​တရက်​ကြင်​ယာကြီးက ဆူသည်​

"အ​နေအထိုင်​မတတ်​---!"

Asho က မျက်​နှာကြီး နီ​နေသ​လောက်​Baku က မျက်​လုံး​လေး ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​နေတယ်​

Aita လှမ်း​မေးလိုက်​တယ်​

"ဘယ်​လိုဖြစ်​လို့ အဲ့လှိုဏ်​ခေါင်းထဲ​ရောက်​နေတာလဲ!!"
"ကြားလို့လည်း မ​ကောင်းဘူး~~"

Baku ဟာ ကြင်​ယာကြီးအား ပြန်​ဖြေသည်​

"လှိုဏ်​--!"
"လှိုဏ်​ခေါင်းဝမှာ---"
"​ကျောက်​တုံးကြီးက ပိတ်​နေလို့ Ashoနဲ့ မိုးခို​နေတာ"

"မိုးခိုတာ အဲ့လိုခိုကြတယ်​ပေါ့~~"

Asho မျက်​နှာဟာ နီသထက်​နီလာပါပြီ

Baku ဟာ အခုထိ လက်​ထဲက မြက်​ခြောက်​ပင်​လေးကို လိမ်​ဖယ်​လိမ်​ဖယ်​လုပ်​နေသည်​

မယုံမှာစိုးလို့ လှိုဏ်​ခေါင်းထဲက မြက်​ပင်​လေးပါ သက်​သေပါ​အောင် ယူလာခဲ့​တာလား Baku--

Asho ဝယ်​ပေးထား​သော လွယ်​အိတ်​လေးကိုလည်း​အောက်​မချဘဲ ကိုယ်​ပေါ်မှာ လွယ်​ထား​ရ​သေးသည်​!!

Baku​လေးဟာ ပြန်​ဖြေရှာသည်​

"A-- Asho က"
"လှိုဏ်​ခေါင်းထဲမှာဆို Bakuမနာ​ဘူးတဲ့--"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now