part-34

10.1K 1K 21
                                    


ဒီလိုနဲ့ Asho ဟာ သူ့အဖေ Seisho ၏ အမိန့်တော်အရ Baku လေးနဲ့ မြင်းစီးထွက်လာပါသည်

Baku လေးကို စိတ်ချမ်းသာအောင် လုပ်ပေးခဲ့ပါဟု ဖခင်ကြီးက သဘောကောင်းစွာနှင့် သာယာစွာမှာလိုက်သည်

"Asho~~"

"onn"

"Baku အနောက်မှာ ထိုင်လို့ရမလား~~"

"ဘာလို့လဲ~~"

"Baku အနောက်မှာ ထိုင်ချင်တယ်"

Asho လမ်းလျှောက်နေသော မြင်းကို ရပ်လိုက်တယ်

ထို့နောက် Asho Baku ကို အောက်ချပေးလိုက်တယ်

Baku ဟာ Asho မြင်းပေါ်ပြန်တတ်ပြီး Asho ကျောကို ဖက်ကာ လိုက်လာတယ်

Baku ဟာ လွတ်လွတ်လပ်လပ် နှင်းမြင်ကွင်းများနှင့် ချယ်ရီပန်းများ၏ အလှကို ခံစားနေပါသည်

Asho ကတော့ ထိုသို့ မဟုတ်

Baku ကို အရှေ့မှာ မမြင်ရပြန်တော့ အနောက်မှာ ဘယ်လိုပုံစံ ဖြစ်နေမလဲ သိချင်ပြန်သည်

အချိန်တစ်ခုအကြာ Baku ဟာ ကောင်းကင်ဘုံလို လှပသော ပန်းနုရောင် ဘေးပတ်ဝန်းကျင်ကို ငေးရင်း Asho ရဲ့ ကျောပေါ် ခေါင်းလေးမှီလိုက်သည်

Asho ရုတ်တရက် အနောက်လှည့်ကြည့်လိုက်မိတယ်

Baku ဟာ သူ့ခါးလေးကို ဖက်ပြီး ကျောပြင်လေးကို ကပ်ကာ ငြိမ်နေရှာတယ်

ပြီးတော့ အဝေးကို လွှမ်းမောစွာ ငေးနေတယ်

Asho အရှေ့ပြန်လှည့်လိုက်တယ်

ရရှိလာသော ကျောပြင်မှ Baku ၏ နွေးထွေးမှု အရသာလေးကို ခံစားရသောအခါ Asho စိတ်ထဲတစ်မျိုးဖြစ်လာမိသည်

သူ စိတ်မကောင်းပါ---

Baku လေးဟာ Asho ဆိုသော ငဆိုးကောင်ကို အများကြီး ယုံကြည်စွာ ခင်တွယ်နေပုံရသည်

Asho ဟာ Baku ကို ဒီလောက်ဆူဆဲနေသည့်ကြားမှ Baku ဟာ Asho ကို ခင်တွယ်နေသည်

အဖြူရောင် တောကောင်လေးလို သူ့အနားမှာရှိနေသော Asho ကို ချစ်ခင်နေရှာသော Bakuလေး ----

ထို့အတူ Asho ကို ယခုလို ရင်းနှီးစွာ ပူးပူးကပ်ကပ် မှီတွယ်ရဲသူဟာလည်း Seri ပြီးလျှင် Baku လေးသာ ရှိနေတာပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now