Part-62

10.1K 1K 20
                                    

Ashoနဲ့ Sim အ​ဆောင်​သို့​ရောက်​သောအခါ လုပ်​သား​လေးများ ပြင်​ဆင်​ပြီး ထွက်​လာကြသည်​

ကြီးမားကျယ်​ဝန်း​သော နန်း​ဆောင်​တော်​ကြီး၏ အတွင်းတစ်​နေရာ၌ ဇိန်​ကျ​သော ကုလားထိုင်​ပေါ်တွင်​Ashoနဲ့ Sim နေရာခပ်ကွာကွာ ခြားပြီး ထိုင်​နေသည်​

မင်းသားနှစ်​ယောက်​ရောက်​လာ၍ လုပ်​သား​လေးများ ပြာယာခတ်​နေကြသည်​

အလွန်​မွှေးကြိုင်​သော ရနံ့​လေးများနှင့်​အတူ လိပ်​ပြာ​လေး​တွေလို သန့်​စင်​သော လုပ်​သားပုံစံ​လေး​တွေပါ

အလွန်​လှလည်း လှပါသည်​

ရင်​ဘက်​၌ ထိုးထား​သော​တော်​ဝင်​ချယ်​ရီပန်း တတ်​တူး​လေးများက သူတို့အား ပိုပြီး တင့်တယ်နေ​စေပါသည်​

Maku အဆောင်ကဟာတွေလိုလည်း ပြာကလက် ပြာကလက် မထနေပါ

ခပ်တိုးတိုး စကာလေးများးပြောပြီး Simအနားကပ်နေကြသည်

Asho ဟာ ခုံ​ပေါ်မှာ​ခြေ​ထောက်​တစ်​ချောင်းတင်​ပြီး မျက်​နှာလွှဲကာ အားလုံးမျက်​ကွယ်​ပြုပြီး​ဖြစ်သလို ခပ်ခွေခွေ ထိုင်​နေသည်​

Sim က​တော့ လုပ်​သား​လေးများ​ကျွေး​မွေးဧည့်​ခံ​သော မုန့်​ပဲသ​ရေစာများကို စားလိုက်​မျက်​နှာ​လေးလှမ်းကိုင်​လိုက်​လက်​က​လေးလှမ်းကိုင်​လိုက်​နှင့်​အထာကျ​နေသည်​

ငရှုပ်​---

ပြီးရင်​သူလည်း အဲ့လုပ်​သား​တွေကို ခံစားလို့မရဘဲနဲ့ ပြန်​ပြန်​ပြေးလာပြီး​တော့ ---

Asho Simအား လှည့်​ကြည့်​လိုက်​သည်​

Sim ဟာ အရည်​မရ အဖတ်​မရ လုပ်​သားလှလှ​လေးများကို ဖက်​ပြီးအီ​နေသည်​

Asho မျက်​မှောင်​ကြုတ်​ပြီး ကြည့်​လိုက်​သည်​

"Soraကျ​တော့ မအီရဲဘူး--- မသာ--"

Soraက ပြန်​ဆွဲစိလိုက်​မှာ​တော့ Simသိ​နေပါသေးသည်​---

"သခင်​လေး Asho~~~"
"အကြမ်းရည်​သောက်​ပါဦးလား~~~"

ရုတ်တရက် Ashoအနားကို အလှလေးတစ်ယောက်ကပ်လာလို့ Ashoဟာ ဆက်​ခနဲ​ခေါင်း​လေးခါပြီး လက်​ပြလိုက်​သည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now