part-65

11.9K 1.1K 65
                                    

စားပြီး​သောက်​ပြီး​သောအခါ​နေဝင်​ဖို့ အစပျိုးလာပြီ

Simက Soraနှင့်​Makuစံအိမ်​ကို ပြန်​လိုက်​သွားသည်​

Sim ဟာ လူလွတ်​မို့ အဲ့​လောက်​ပြဿနာ မရှိ​သော​ကြောင့်​Ashoရဲ့ အိမ်​ပြန်​လမ်းဟာ Bakuနှင့်​နှစ်​ယောက်​တည်း ဖြစ်​လာသည်​

×××××

Asho လှိုဏ်​ခေါင်းထဲဝင်​ပြီး အ​နောက်​ဆုတ်​ကာ ပြန်​ထွက်​လာသည်​

Asho ထိတ်​လန့်​သွားသည်​

"ဘယ်​လိုလုပ်​ကြမလဲ~~~ Baku!!"
"လှိုဏ်​ခေါင်း အဝက ပိတ်​နေတယ်​"

"​anm!!"

"ဘယ်​သူက အဝကို​ကျောက်​တုံးကြီး လာပိတ်​ထားတာလဲ မသိဘူး"
"တစ်​ယောက်​ယောက်​တွေ့ပြီး တမင်​များ ပိတ်​လိုက်​သလား!!"

"တံတိုင်းကို​ကျော်​တတ်​ကြမလား Asho~"

Baku ဟာ တံတိုင်းကြီး​ခေါင်း​လေး​မော့ပြီး​မျှော်​ကြည့်​လိုက်​သည်​

တိမ်​တွေ​တောင်​ထိ​တော့မလို မြင့်​နေသည့်​တံတိုင်းကြီးအား ကြည့်​ကာ Baku​ပြန်​လည်​ရေရွတ်​လိုက်​သည်​

"တံတိုင်းကြီးက အမြင့်​ကြီးပဲ Asho"

"omm~~"
"တံတိုင်းက ကမ်းပါးတစ်​ဖက်​က​ကျိန်​စာ​မြေကို ကာကွယ်​ထားတာ လူအ​ယောက်​နှစ်​ဆယ်​စာ အမြင့်​ရှိတယ်"
"အထူက လူဆယ်​ယောက်​စာ​ဘေးချင်​ကပ်​ထိုင်​လို့ရတယ်​"

Baku ပြန်​မေးလိုက်​သည်​

"ကျိန်​စာ​မြေက ဘာလဲ!!!"

"ဟိုးဘက်​က ကမ်းပါးကြီးနဲ့​တောအုပ်​ပျပျကို​ပြောတာ!"
"အဲ့ ကမ်းပါး တစ်​ဖက်​မှာ မ​ကောင်းဆိုးဝါး​တွေရှိတယ်​တဲ့"
"ကမ်းပါး​အောက်​ကို ဘယ်​သူမှ အဆုံးမသိဘူး!"
"လှမ်းမြင်​နေရတဲ့​တောရိပ်​ရိပ်​က မိုးရွာချိန်​ဆို အ​ငွေ့​တွေ ပျံသန်း​နေတာ!!"
"​ကမ်းပါးနားကပ်​တာနဲ့ လူကို မမြင်​ရ​တော့ဘူး"
"အ​ငွေ့​တွေက လူကို ဆွဲချသွားတတ်​တယ်​"

"omm~~~"
"​ကြောက်​စရာကြီး!!"

Baku ဟာ Asho ရင်​ခွင်​ထဲ​ခေါင်း​လေး​ပြေးတိုးလိုက်​သည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now