part-10

10.5K 1K 2
                                    

"ဒေါက် ဒေါက် ဒေါက် ဒေါက်"

နွေဦးနံနက်ခင်း၏ သာယာသော မြင်းခွာသံငယ်---

Jim မြင်းရပ်လိုက်တော့ Baku မြင်းပေါ်ကနေ အောက်ဆင်းလိုက်တယ်

Baku ပန်းတွေ တစ်ပွေ့တစ်ပိုက်ကို ပိုက်ကာ Jim အနောက်လိုက်သွားတယ်

ခမ်းနားသော အဆောင်အယောင် နှင့်အတူ မြင်းကို လူတစ်ယောက်က လာခေါ်သွားတယ်

ချက်ချင်းဆိုသလို ခပ်တိုးတိုးလာပြောသော စကားနှင့်အတူ
Jim ဟာ သူ့ရဲ့ ဝတ်ရုံခေါင်းစွပ်ကို မဖြုတ်ဘဲ ကြိုဆိုသူတွေ ရှေ့က ထွက်သွားတယ်

Baku လှမ်းကြည့်နေမိတယ်

တစ်ညလုံး Baku သူ့ခါးကို ဖက်ကာ မိုးရေထဲ မြင်းစီးလာခဲ့တယ်​

ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို နွေးထွေးလွန်းပါတယ်

ပထမဆုံး တခြားလူက ပေးတဲ့ ကိုယ်ငွေ့နဲ့ အချမ်းဒဏ် ကာကွယ်ခဲ့ဖူးခြင်းပင်

ပြီးတော့ သူဟာ မြင်းစီးလည်း တော်တယ်

ဒါပေမယ့် Baku အတွက်တော့ အသက်ထွက်ခါနီးလိုပင် အ​နောက်​က ထိုင်​ပြီး ခံစားရမိစေတယ်

မြင်းလာခေါ်သူ အစေခံ ဦးစီး အနောက် Baku လိုက်သွားလိုက်တယ်

အထဲမှာ သူနဲ့ရွယ်တူ အစေခံတွေ အများကြီးပါ

ရဲတိုက်ကြီးထဲမှာ အလုပ် လုပ်နေကြတယ်

လှလိုက်တာ----

Baku ပန်းတွေ ပိုက်ပြီး မြင်မြင်သမျှ လိုက်ကြည့်နေမိတယ်

မြင်းတွေကလည်း များလိုက်တာ~~~

အနက်ရောင် ပိုးးသားလို သန်မာသော မြင်းတွေဟာ တန်းစီပြီး အစာ စားနေတယ်

Baku ပထမဦးဆုံး ရောက်သူ အနေနဲ့ ဘာလုပ်ပေးရမှာလဲ

Grafity Bar မှာလို စားပွဲထိုးတော့ မဟုတ်လောက်ဘူး

သူ ကြမ်းတိုက်ရမှာလား---
ဒါမှ မဟုတ် ပန်းကန်ဆေးရမှာလား----

Baku ရဲ့ ခန္ဓာကိုယ်ဟာ သေးငယ်လွန်းလို့ Baku ဟာ ထင်းတောင် မခွဲနိုင်

တစ်ချိန်လုံး ကြမ်းတိုက်ပြီး ခေါင်းမိုးတွေအထိ သန့်ရှင်းရေးလုပ်ရင်းသာ ကြီးပြင်းခဲ့ရတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now