part-14

10K 1K 9
                                    


"လူသစ်ရောက်နေတာ​တွေ့တယ်"

Asho ပြန်မေးလိုက်မိတယ်

"အ​စေခံ​သေး​သေး​လေး အိမ်​မှာ ဘာခိုင်းဖို့ ထပ်​ဝယ်​လာတာလဲ"

ပျော်ရွှင်နေသော Seisho ၏မျက်နှာနဲ့ Xi ၏အပြုံး-----

Asho ရုတ်​တရက်​တစ်​ခုခုကို ရိပ်​မိသွားကာ မပြုံးနိုင်ဘူး ဖြစ်သွားမိတယ်

သန့်​စင်​သူ !!
ထိုသူကို ဘယ်ကနေ ရှာလာတာလဲ??

Asho မ​ကျေနပ်​စွာ ငြိမ်​နေမိတယ်​

××××××

Baku တံပက်​လေးကိုင်​ပြီး Seri အနောက်ကနေ လိုက်လာတယ်

"ဗိုက်​ဆာလိုက်​တာ~~"

အိမ်တော်ကြီးရဲ့ ခမ်းနားသော နေရာများကို ဖြတ်ပြီး သူ့ကို ဘယ်ခေါ်သွားတာလဲ

အဝတ်နက်ကို လက်ကကိုင်ပြီး Seri ဟာ သူ့အရှေ့က သွားနေတယ်

Baku လှမ်းကြည့်နေမိတယ်

Seri ကျောပြင်ဟာ အလွန်​ကြည့်လို့ကောင်း​နေတယ်

ဆံပင်တွေနဲ့ ကျောပြင်ဟာ ကျယ်ပြန့်ပြီး သူ့ရဲ့ ရှည်လျားတဲ့ ခါးရိုးတွေဟာ တောင့်တင်းနေတယ်

ခြေထောက်တွေ လက်တွေက အနက်ရောင် ဝတ်စုံနဲ့ ရွှေကွပ်ထားတဲ့ ခါးပတ် အဆင်တန်ဆာ လက်အိတ်တွေကြောင့် ပိုပြီး ပြည့်စုံတဲ့ တော်ဝင်မင်းသားငယ်​လေးလိုပဲ

Baku အားကျသော မျက်ဝန်းတို့ဖြင့် Seri ကို​နောက်​ကျောကို တောက်ပစွာ ကြည့်နေမိတယ်

Baku ပတ်​ထား​သော အဝတ်စ အဖြူလေးဟာ ခန္ဓာကိုယ်ကို ခါးအောက်ပိုင်းသာ လုံခြုံစေဖို့ Defulo လောက မှာရည်ရွယ်ပေမယ့် Baku အတွက်တော့ တစ်ကိုယ်လုံး လုံနေတယ်

ကလေးဆန်သော အတွေးလေးတွေနဲ့ ကြီးထွားစ အရွယ်​မှာပထမဆုံး Grafity ရဲ့ ထိန်းသိမ်းခံနေရာကနေ ပြင်ပသို့ ရောက်ရှိလာခဲ့ခြင်းပင်

စိတ်​ကူး လှလှ​လေး​တွေ အများကြီး​တွေး​လေ့ရှိပြီး Baku ဟာ​ပျော်​ရွှင်​မှုကို အ​တွေးထဲမှာပဲ ရှာ​လေ့ရှိတယ်​

သူဟာ သေးငယ်သဖြင့်​အလိုရှိသူ မဲ့ခဲ့တယ်​

ထို့​ကြောင့်​အပြင်​မထွက်​ရဘဲ အစိုးရလက်အောက်မှာ အချိန်တွေ အကြာကြီး အလုပ်လုပ်ခဲ့ရတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now