part-19

9.3K 1K 10
                                    

Xi ဟာ သူ့ သားရဲ့ ကြင်ယာလောင်းလေးအား Moshi စိတ်ကြိုက် ပြင်ဆင်ချယ်သနေသည့် နေရာသို့ ရောက်လာတယ်

Baku ဟာ ခေါင်းပေါ်၌ ဆံပင်ဆေးဆိုးပြီး ကပ်ထားသော ပလက်စတစ် အချောင်းလေးများနှင့်အတူ အိပ်ပျော်နေတယ်

အတွင်းခံ ဝတ်ရုံလွှာ အဖြူလေးကို ဝတ်ဆင်ထားပြီး Baku ဟာ မနက်ခင်း၏ နေရောင်အောက်မှာ တောက်ပနေတယ်

ခန်းနားသော ပိုးကျောက်စိမ်းနှင့် အဆင်ရတနာတို့ ဝတ်ဆင်ထားသော Xi အခန်းထဲကို ရောက်လာတာ မြင်တော့ ကပြာကယာ အရိုအသေပေးတယ်

"ကြင်ယာတော် Xi~~"
"Baku ကို လာကြည့်တာလား~~"

"omm~~"
"Baku အိပ်နေတာလား"

"အာ~~ ဟုတ်တယ်"
"နှိုးလိုက်ပါ့မယ်"

"ရတယ် မနှိုးနဲ့"
"ထားလိုက်ပါ"

Xi ဟာ Baku ငုတ်တုတ်လေး အိပ်ပျော်နေသော နေရာကို ရောက်လာပြီး အရှေ့မှာ ထိုင်လိုက်တယ်

ထို့နောက် နူးညံသော အပြုံးတစ်ခုနှင့်အတူ Baku ကို သေချာကြည့်နေတယ်

"Baku လေးက သေးငယ်လိုက်တာနော် Moshi"

"omm~~ ဟုတ်တယ်"
"ကြင်ယာတော်~~~ Xi~"
"Baku အသားကို ထိကြည့်ပါလား"

"anm---

Moshi ဟာ လျှို့ဝှက်သော စကားတစ်ခွန်းကို Xi အနားကပ်ပြီး ပြောလိုက်တယ်

Xi ဟာ လှပသော သူ၏ မျက်လုံးတို့ဖြင့် Moshi အာ အနည်းငယ် ထူးဆန်းသော အကြည့်လေးနှင့် ပြန်မော့ကြည့်တယ်

Moshi ခပ်သွက်သွက်ပင် Baku ဘေးနားမှာ ဒူးထောက်ပြီး ထိုင်လိုက်တယ်

ထို့နောက် ရိုသေစွာပင် လက်နှစ်ဖက်နဲ့ Baku လက်လေးကို မ ပြီး ရှေ့တိုးပေးတယ်

"သင့်တော် ပါ့မလား~~"

"ကြည့်~~ ဘာလို့မသင့်တော်ရမှာလဲ:::"
"Baku က ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုပဲ~~"

အရှေ့သို့ ရောက်လာသော အဖြူရောင် ပိတ်ပါးစလေး အနည်းငယ်အုပ်နေသည့် Baku လက်ဖျားနီနီလေးအား Xi ကြည့်လိုက်တယ်

ထို့နောက် အဖြူရောင်တို့ ဝတ်ဆင်ထားသော ငယ်ရွယ်သည့် အနက်ရောင် မျက်ခုံးများနှင့် ပန်းနုရောင် နှုတ်ခမ်းပါးတို့ရှိသည့် အစေခံ နှစ်ယောက်က အနားရောက်လာတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now